Huawei P30 Pro ရဲ့အလင်းရောင်အားနည်းတဲ့နေရာမှာ သဘာဝကျတဲ့ပုံရိပ်တွေကိုဖမ်းယူနိုင်စွမ်းကအတော်လေးနာမည် ကြီးနေပါတယ်။

အားလုံးသိတဲ့အတိုင်း ခုတလောရန်ကုန်မြို့မှာ မီးတွေကတော်တော်ပျက်ပါတယ်။ ပူအိုက်တဲ့နွေရာသီမှာ မီးပျက်တာ့ ပိုပူပြီး စိတ်ညစ်စရာပါ။ ဒါပေမဲ့ မနေ့ညက မီးပျက်တာကတော့ Huawei P30 Pro ရဲ့ နာမည်ကြီးနေတဲ့ Low Light Photography အစွမ်းကိုစမ်းသပ်ကြည့်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်သွားခဲ့တယ်။



Huawei P30 Pro ရဲ့အလင်းရောင်အားနည်းတဲ့နေရာမှာ သဘာဝကျတဲ့ပုံရိပ်တွေကိုဖမ်းယူနိုင်စွမ်းကအတော်လေးနာမည် ကြီးနေလို့အဲဒီလိုစမ်းသပ်ကြည့်ချင်တာပါ။ ကိုယ်တိုင်လက်တွေ့စမ်းသပ်ကြည့်လိုက်တော့ အဲဒီလိုနာမည်ကြီးနေတာက အပိုတွေပြောနေတာမဟုတ်ဘူးဆိုတာ လက်တွေ့သိသွားခဲ့ပါတယ်။

အလင်းရောင်အားနည်းတဲ့နေရာမှာပုံရိပ်တွေဖမ်းယူတဲ့အခါ အရင်တုန်းက ကင်မရာရဲ့ flash light ကိုဖွင့်ပြီးရိုက်ကူးကြရ ပါတယ်။ ဒီလိုရိုက်ကူးတဲ့အခါ ထင်ရှားတဲ့ပုံရိပ်တွေကိုရရှိနိုင်ပေမယ့် အပြင်မှာမြင်တွေ့နေရတဲ့အတိုင်း အမှောင်ရိပ်ထဲက သဘာဝကျကျပုံရိပ်တွေကိုမရရှိနိုင်တော့ပါဘူး။ နောက်ပြီး အလင်းရောင်အားနည်းတဲ့အချိန် အဝေးကမြင်ကွင်းတွေကို ရိုက်ကူးမယ်ဆိုရင်လည်း စမတ်ဖုန်းကင်မရာမီးက အဆင်မပြေနိုင်တော့ပါဘူး။ flash ကိုပိတ်ပြီးရိုက်ပြန်ရင်လည်း ပုံမှာအစက်အပျောက်တွေများနေတာ၊ ဝါးနေတာမျိုးတွေဖြစ်နေလို့အဆင်မပြေပြန်ပါဘူး။ နောက်ပိုင်း စမတ်ဖုန်း ကင်မရာတွေမှာ Night Mode ပါဝင်လာပေမယ့် တော်တော်များများက အယ်လ်ဂိုရစ်သမ်နည်းနဲ့ ပြင်ဆင်ပေးတာ ဖြစ်တာကြောင့် ဓါတ်ပုံရိုက်ပြီးတဲ့နောက်မှာ exposure time အတော်လေးအချိန်ယူရပါတယ်။ ဒါက အမှတ်တရ အခိုက်အတံ့လေးတွေကို အမိအရဖမ်းယူချင်တဲ့အချိန်မျိုးတွေမှာ အဆင်မပြေနိုင်ပါဘူး။ Huawei P30 Pro မှာတော့ default ကင်မရာနဲ့ flash မဖွင့်ဘဲရိုက်ကူးတာတောင်မှအံ့အားသင့်လောက်စရာပုံရိပ်တွေကို ရရှိတာတွေ့ရပါတယ်။

ပထမဆုံးပုံက ဖယောင်းတိုင်တစ်တိုင်ပဲထွန်းထားတဲ့အခြေအနေမှာ အခန်းထဲက ထိုင်ခုံ ၂ လုံးကို ရိုက်ကြည့်ထားတာပါ။ အပြင်မှာမျက်စိနဲ့မြင်နေရတဲ့အတိုင်း ဖယောင်းတိုင်ရဲ့အလင်းရောင်အနေအထားပေါ်လွင်တဲ့အပြင် အစက်အပျောက်တွေ များတာ၊ ဝါးနေတာမျိုးတွေမရှိဘဲ ပီပြင်တဲ့ပုံရိပ်ကိုဖမ်းယူပေးနိုင်တာတွေ့ရမှာပါ။ 

ဒီပုံကတော့ မီးပျက်နေလို့ အလင်းရောင်သိပ်မရှိတဲ့အချိန် အဝေးကမြင်ကွင်းကို ရိုက်ကြည့်ထားတာပါ။ သာမန်မျက်စိနဲ့ မြင်ရတာထက်တောင် အလင်းနဲ့အရောင်တွေကပိုမိုကောင်းမွန်နေတာကိုတွေ့ရပါတယ်။ 

အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်ကူးတဲ့အခါ စမတ်ဖုန်းတော်တော်များများမှာ focus ချိန်ရခက်ခဲတဲ့ပြဿနာမျိုးရှိတတ်ပေမယ့် P30 Pro မှာတော့ အဲဒီလိုပြဿနာလုံးဝမရှိတာကိုတွေ့ရပါတယ်။ ဒါဟာ သူ့ရဲ့နောက်ကျောဘက်မှာတပ်ဆင်ထားတဲ့ depth sensor ကြောင့်လို့ခန့်မှန်းရပါတယ်။ depth sensor ကို Portrait mode ရိုက်ကူးတဲ့နေရာမှာနဲ့ AR (argumented reality) App တွေအသုံးပြုရာမှာပိုမိုကောင်းမွန်အောင်ထည့်သွင်း ထားတာဖြစ်ပေမယ့် ပုံမှန်ဓါတ်ပုံတွေရိုက်ကူးတဲ့နေရာမှာ လည်းအသုံးဝင်တဲ့ ဒေတာတွေပံ့ပိုးပေးနိုင်ပါတယ်။ ကင်မရာတော်တော်များများက အလင်းရောင်အားနည်းတဲ့ အချိန်မှာ focus ဖမ်းယူနိုင်ဖို့ foucs အထောက်အကူပြုမီး၊ ဒါမှမဟုတ် flash light ကိုဖွင့်တဲ့နည်းလမ်းကိုသာအသုံးပြုကြပေမယ့် Huawei ကတော့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းဖြစ် အောင်တီထွင်ကြံဆနိုင်ခဲ့တာပါ။

မီးပျက်တဲ့နွေတစ်ညမှာ Huawei P30 Pro နဲ့အလင်းရောင်အားနည်းတဲ့နေရာမှပုံရိပ်တွေကို ဖမ်းယူကြည့်ပြီးတဲ့ နောက်မှာတော့စမတ်ဖုန်း Photography မှာအမြဲတမ်းဦးဆောင်နေခဲ့တဲ့ Huawei ဟာ ဒီတစ်ခါမှာလည်း အလင်းရောင် အားနည်းတဲ့ နေရာတွေမှာ မယုံနိုင်လောက်စရာသဘာဝကျတဲ့ပုံရိပ်ကောင်းကောင်းတွေကို ဖမ်းယူနိုင်စွမ်းနဲ့အတူ ခေတ်သစ်တစ်ခုဆီ ပို့ဆောင်ပေးလိုက်ပြန်ပြီလို့ပဲ မှတ်ချက်ချလိုက်မိပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က