(၂၃)ရက်နေ့ စတင်ပြေးဆွဲမှာပါ။

မြို့ပတ်ယာဉ်လိုင်းပြေးဆွဲမယ့် ကားအမျိုးအစားတွေက Scaniaကားအမျိုးအစားတွေဖြစ်ပြီး ကားပေါ်မှာ သက်ကြီးရွယ်အိုတွေ၊ ဝှီးချဲသမားတွေအတွက် နေရာစီစဉ်ထားပြီး ခရီးသည်အားလုံးအတွက်ကိုလည်း နေရာအချက်ပြအသံပေးစနစ်တွေနဲ့ မီးအချက်ပြစနစ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲမယ့် မြို့ပတ်ယာဉ်လိုင်းသစ်တွေကို စက်တင်ဘာလ(၂၃)ရက်နေ့မှာ စတင်ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ(၁၇)ရက်နေ့က ပြုလုပ်တဲ့ YRTA သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။ စတင်ပြေးဆွဲတဲ့ နေ့မှာတော့ ယာဉ်အစီးရေ (၂၀)နဲ့ စတင်ပြေးဆွဲမှာ ဖြစ်ပြီး အဆိုပါမြို့ပတ်ယာဉ်လိုင်းတွေမှာတော့ ဝှီးချဲ သမားတွေအတွက် အတက်၊အဆင်းလုပ်လို့ရတဲ့ တံခါးပေါက်လည်းပါဝင်တယ်လို့ သိရပါတယ်။

“ ယာဉ်လိုင်းပြေးဆွဲတဲ့အခါမှာ အောင်မင်္ဂလာအဝေးပြေးကနေထွက်ခွာပါမယ်။ ယာဉ်လိုင်းကြောင်းနှစ်ကြောင်းခွဲပြီးတော့ ဘယ်ဘက်၊ ညာဘက်ပတ်ပြီး တစ်ပြိုင်နက်တည်းမှာ ပြေးဆွဲပါမယ်။ နောက်ပြီး ပြည်သူလူထုရဲ့လိုအပ်ချက်အရ မြို့ထဲမှာ တချို့တဝက်အခြေပြုပြီး အဲဒီကနေ ပြန်ထွက်သွားတဲ့ စနစ်ကိုလည်း လေ့လာနေပါတယ်။ စတင်ပြေးဆွဲတဲ့နေ့ကိုတော့ ကားအစီး (၂၀)နဲ့ ပြေးဆွဲမယ်။ အင်အားပြည့်ပြေးဆွဲမယ့် ကားအစီးရေက (၃၉)စီးပါ။ (၃၉) စီးလုံးကိုတော့ အောက်တိုဘာလထဲမှာ ပြေးဆွဲမှာ။ စတင်ပြေးဆွဲတဲ့နေ့မှာ ခရီးသည်အခြေအနေကိုကြည့်ပြီး လိုအပ်ရင်ထပ်ဖြည့်ပေးမယ်။ မြို့ပတ်ယာဉ်လိုင်းပြေးဆွဲမယ့် ကားတွေက Scaniaကားအမျိုးအစားတွေဖြစ်ပြီး အတက်၊အဆင်း တံခါးပေါက် (၃) ပေါက်ပါတယ်။ ရှေ့တက်၊နောက်ဆင်းစနစ်နဲ့သွားမှာဖြစ်ပြီး တော့ အလယ်အပေါက်ကိုတော့ ဝှီးချဲသမားတွေအတွက် စီစဉ်ပေးထားတာဖြစ်တယ်” လို့ YRTAမှ အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။

ကားပေါ်မှာ သက်ကြီးရွယ်အိုတွေ၊ ဝှီးချဲသမားတွေအတွက် နေရာစီစဉ်ထားပြီး ခရီးသည်အားလုံးအတွက်ကိုလည်း နေရာအချက်ပြအသံပေးစနစ်တွေနဲ့ မီးအချက်ပြစနစ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ ခရီးစဉ်အစအဆုံးကိုတော့ ယာဉ်စီးခ(၁၀၀၀)သတ်မှတ်ထားတာပါ။ ပြေးဆွဲမယ့် ယာဉ်လမ်းကြောင်းတွေကတော့ ယာဉ်လမ်းကြောင်း (၁) မှာ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ စတင်ထွက်ခွာပြီး အမှတ်(၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စု ခုံးကျော်တံတား၊ သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊ သမိန်ပရမ်းလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေး၊ အုတ်ပုံဆိပ်လမ်း၊ သုဓမ္မာလမ်း၊ ၆ ကွေ့၊ အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်ရှိမှာဖြစ်ပါတယ်။ ယာဉ်လမ်းကြောင်း (၂) ကတော့ ယာဉ်လမ်းကြောင်း (၁)ရဲ့ မျက်နှာချင်းဆိုင် လမ်းကြောင်းအတိုင်းပြေးဆွဲမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က