ပထမဆုံးအကြိမ်ကျင်းပခဲ့တာပါ။

ရန်ကုန်မြို့ အင်လျားကန်ဘောင်မှာ မီးပုံးပျံအလုံး(၅၀၀)ကိုတပြိုင်နက်တည်း လွှင့်တင်ခဲ့တဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးကိုတော့ Fortune TV ကစီစဉ်ကျင်းပတာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ညမှာတော့ ရန်ကုန်မြို့ရဲ့ကောင်းကင်ယံကြီးကိုအလှဆင်နိုင်ခဲ့ပါတယ်။ 

Fortune TV ကစီစဉ်ကျင်းပတဲ့ ရန်ကုန်မြို့ရဲ့ အခမ်းနားဆုံးနဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးကို ရန်ကုန်မြို့၊ ပြည်လမ်း အင်လျားကန်ဘောင်မှာ နိုဝင်ဘာလ(၈)ရက်နေ့ကနေ (၁၂)ရက်နေ့ထိ (၅)ညတိုင်တိုင် စည်ကားမြိုင်ဆိုင်စွာကျင်းပပြုလုပ်ခဲ့တာပါ။

ရန်ကုန်မြို့ အင်လျားကန်ဘောင်ဟာ အများပြည်သူအပန်းဖြေစရာနေရာတစ်ခုဖြစ်တာကြောင့် မီးထွန်းပွဲတော်မှာဆိုရင်လည်း လာရောက်လည်ပတ်တဲ့သူတွေနဲ့ စည်ကားလျှက်ရှိခဲ့ပါတယ်။ ဒီတန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးမှာဆိုရင် တန်ဆောင်မုန်းလပြည့်နေ့ညက မီးပုံးပျံအလုံး(၅၀၀)ကိုတပြိုင်တည်းလွှင့်တင်ခဲ့ရာမှာတော့ လာရောက်လည်ပတ်ကြတဲ့သူတွေက ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး သူတို့ရဲ့အပျော်တွေကလည်း ပွဲတော်ရဲ့အလှကိုပေါ်လွင်စေခဲ့ပါတယ်။

အခုလိုမီးပုံးပျံအလုံး(၅၀၀)ကိုတပြိုင်နက်တည်း လွှင့်တင်ခဲ့တဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးဟာဆိုရင် ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ပွဲတော်တစ်ခုပင်လည်းဖြစ်ပါတယ်။ Fortune TV ကစီစဉ်ဆောင်ရွက်ခဲ့တဲ့ ဒီပွဲတော်ဟာ တန်ဆောင်မုန်းလပြည့်နေ့မှာ တပြိုင်တည်းလွှင့်တင်ခဲ့တဲ့ မီးပုံးပျံအလုံး(၅၀၀)က တန်ဆောင်မုန်းလပြည့်နဲ့အတူ ကောင်းကင်ယံကို အလှဆင်နိုင်ခဲ့ပါတယ်။

ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်ခဲ့သလို Game အစီအစဉ်တွေလည်းပါဝင်ခဲ့တာပါ။ ဒီပွဲကြီးကိုတော့ Exclusive Sponsor အဖြစ် asia အချိုရည်မှ ပါဝင်ကူညီပေးခဲ့ပြီး တန်ဆောင်မုန်းလပြည့်ညမှာ ရန်ကုန်မြို့ကိုအလှဆင်နိုင်ခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က