၂၈ နှစ်ဆိုရင် အိမ်ထောင်ပြုဖို့ စဉ်းစားပေမယ့်.

မိစန္ဒီက သူ ခံယူထားတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်စကားပြောပြခဲ့ပါတယ်. ဒါပေမယ့် သူမကိုယ်တိုင်ကတော့ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်.

Photo: မိစန္ဒီ



မိစန္ဒီဟာ နှလုံးသားရေးရာ သတင်းတွေ နဲ့ ပတ်သက်ပြီး တည်ငြိမ်အေးဆေးသူ တစ်ယောက်ဖြစ်ပါတယ်. သူမရဲ့ လက်ရှိအသက်အရွယ်နဲ့ ပတ်သက်ပြီးတော့လည်း အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိဘူးလို့ Duwun Media ကို ပြောပြခဲ့ပါတယ်.

'' အိမ်ထောင်ပြုဖို့ကလေ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ တစ်ခါမှ မစဉ်းစားဖူးဘူး. ငယ်ငယ်တုန်းကတော့ ၂၈ လောက်ဆိုရင် အိမ်ထောင်ပြုမယ်လို့ စဉ်းစားဖူးတယ်. ဒါပေမယ့် ၂၅ ကျော်လာတဲ့ အချိန်မှာ ၂၈ နှစ်လည်း မယူချင်ဘူး အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်လာဖို့အတွက်လည်း မိစန္ဒီမှာ အရည်အချင်း မရှိသေးဘူး'' လို့ သူကဆိုပါတယ်.

Photo: မိစန္ဒီ

မိစန္ဒီက သူမရဲ့ အိမ်မက်တွေကြောင့် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်. အိမ်ထောင်ရေး ဘဝအပေါ် သူမရဲ့ စိတ်ခံစားချက်ကိုလည်း Myanmar Music Wave 2018 ပွဲမှာ ရင်ဖွင့်ပြောပြခဲ့ပါတယ်.

''မိစန္ဒီမှာ ဖြစ်ချင်တာတွေ အများကြီးရှိသေးတယ်. အဲ့ဒါတွေလည်း လုပ်ချင်သေးတယ်. မိသားစုကိုလည်း ရှာကျွေးချင်သေးတာကြောင့် အိမ်ထောင် မပြုချင်သေးဘူး ပေါ့နော်. တကယ်တမ်း ကိုယ်နဲ့ အဆင်ပြေလို့ရှိရင်လည်း ချက်ချင်းပြုရင်လည်း ပြုမှာပေါ့နော်. ဒါက ဥပမာပြောပြတာပါ ဒီလိုမျိုးတွေလည်း အမျျားကြီးရှိမှာပဲ'' လို့ ဆက်လက်ပြောပြလာပါတယ်.

Photo: မိစန္ဒီ

မိစန္ဒီ က အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီးသူမရဲ့ ကံတရားကို မမျှော်လင့်ထားဘူးလို့ ဆိုပါတယ်. သူမရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကတော့ အိမ်ထောင်သည် ဘဝတွေကို ပိုင်ဆိုင်နေပြီလို့ ဆက်လက်ပြောပြထားပါတယ်.

'' အသက်အရွယ်အရ အိမ်ထောင်ပြုတာတို့ ယူသင့်လို့ ယူလိုက်တာတို့လိုမျိုးလည်း မိစန္ဒီက မဖြစ်ချင်ဘူး. မိစန္ဒီ သူငယ်ချင်းတွေကတော့ ကံကောင်းကြတယ်. သူတို့ ယူသင့်တဲ့အချိန်မှာ ယူတော့ ကလေးနဲ့လည်း အသက် သိပ်မကွာဘူး ကလေးတွေကိုလည်း ပိုပြီး ထိန်းသိမ်းနိုင်တယ်. ဒါပေမယ့် သူတို့နဲ့ မိစန္ဒီကလည်း တူချင်မှ တူမှာလေ အဲ့ဒီတော့ ဘာမှန်းလည်း မသိသလို ဘာမှလည်း မမျှော်လင့်ဘူး မတွေးထားဘူး'' လို့ သူကဆိုပါတယ်

Photo: မိစန္ဒီ

လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။သူမဟာ ဂီတပိုင်းမှာသာမက စီးပွားရေးအနေနဲ့လည်း My Boo အမှတ်တံဆိပ် အဝတ်အထည်များကိုု အရေအတွက်အကန့်အသတ်နဲ့ ရောင်းချခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က