သားညီရဲ့ အမေ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ပြည့်ပါပြီ။

ဒီနေ့ကတော့ သရုပ်ဆောင်ဒွေး၊ သရုပ်ဆောင် သားညီတို့ရဲ့ မိခင်ဖြစ်သူ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ပြည့်ပြီလို့ သိရပါတယ်။ သားညီဟာ မိခင် မရှိတော့တဲ့ သားတစ်ယောက်ဖြစ်တာကြောင့် အမေ့ကျေးဇူးကို ဆပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Photo: Thar Nyi Facebook

 

သြဂုတ်လ ၃၁ ရက်နေ့ဟာ သရုပ်ဆောင်၊ ဒါရိုက်တာ သားညီရဲ့ မိခင်ဖြစ်သူ ဒေါ်အေးအေးသင်း ကွယ်လွန်သွားတာ ၂၁ နှစ်ပြည့်တယ်လို့ သိရပါတယ်။ ဒီ့အတွက် ကြောင့်လည်း သားညီက မိခင်ဖြစ်သူကို ရည်စူးပြီး တက်နိုင်သလောက် အလှူအတန်းတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့ အချိန်ထ် အမေ့ကို လွမ်းတဲ့ အကြောင်းတွေကိုလည်း သားညီက အခုလို ရေးသားထာားပါသေးတယ်။

'' 31.8.1997 - 31.8.2018 နှစ်တွေအများကြီးကြာသွားခဲ့ပြီ အမေ။ ဒါပေမယ့် ဒီနေ့ကိုရောက်တိုင်း သား ကလေး လေးတစ်ယောက်လို 

ဝမ်းနည်း ပြီး ငိုမိနေတုန်းပါပဲ။ သားပြုသမျှ ကုသိုလ် အားလုံးကို အမေ့ကို အမျှပေးပါတယ်။  အမေ ရောက်ရာဘုံဘဝကနေ သာဓု ခေါ် ပေးပါနော်။ သားညီ'' ဆိုပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Thar Nyi Facebook

 

သားညီဟာ အမေ မရှိတော့တဲ့ သားတစ်ယောက်ဖြစ်တာကြောင့် အမေ့ကို လွမ်းတဲ့ စိတ်နဲ့ အနုပညာအလုပ်တွေ ကြိုးစားရင်း ကျေးဇူးဆပ်နိုင် အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီ့အတွက်ကြောင့်လည်း မိဘကျေးဇူးကို ရေးဖွဲ့ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ဖြစ်တယ် လို့ သိရပါတယ်။

''အမေမရှိတော့တဲ့သားအတွက် အမေ့ကျေးဇူးကို တတ်နိုင်သလောက်လေး ဆပ်နိုင်အောင် ကြိုးစားနေပါတယ်။ သိပ်အများကြီး မဟုတ်ပါဘူး အမေ၊သားညီ'' ဆိုပြီးတော့ မေလ ၃၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားခဲ့ပါတယ်။ သားညီက သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ။်

အမေမရှိတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ကိုပြောလာတဲ့ သားညီ 

Photo: Thar Nyi Facebook

 

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင် အလုပ် တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။

Photo: Thar Nyi Facebook

 

ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က