ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

နိုင်ဇော်ဟာ သမီးဖြစ်သူအတွက် အမှတ်စာရင်းထုတ်ပေးရင်း ဝမ်းသာပီတိဖြစ်နေရတယ်လို့ ဆိုပါတယ်။ စာမေးပွဲအောင်စာရင်းထွက်တဲ့နေ့တုန်းကလည်း ၆ ဘာသာဂုဏ်ထူးရှင် သမီးလေးအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါသေးတယ်တဲ့။

Photo: Naing Zaw

ဂီတမှူးနိုင်ဇော်ဟာ ၂၀၁၉ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူး ၆ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တဲ့ သမီးလေးအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ စာမေးပွဲအမှတ်စာရင်း ထုတ်ပေးတဲ့အချိန်မှာလည်း အရမ်းကို ပီတိဖြစ်ရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

‘’သမီးအတွက်အမှတ်စာရင်းသွားထုတ်ပေးရင်းအမှတ်တွေသိရလို့ထပ်ပျော်နိုင်ပါပြီ’’ ဆိုုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သမီးလေးရဲ့ အမှတ်စာရင်း စာရွက်ကိုလည်း ပရိသတ်တွေကို ပြခဲ့ပါသေးတယ်။ နိုင်ဇော့်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း သမီးလေးအတွက် အရမ်းဂုဏ်ယူတဲ့အကြောင်း Comment တွေကနေတဆင့် ပြောခဲ့ကြပါသေးတယ်။

Photo: Naing Zaw

နိုင်ဇော်ဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက်နေ့က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်တဲ့နေ့မှာပဲ သမီးလေးကို သင်ကြားပြသပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

“(All D)ဘာသာစုံဂုဏ်ထူူးထွက်တဲ့ သမီးလေးမိုးဖြူစင်ဇော်အတွက် ဂုဏ်ယူပါတယ်သမီး ( ဒီလိုအောင် မြင်ခဲ့ရင် တင်ဖို့သမီးပုံလေးတွေ စာမေးပွဲနောက်ဆံုံးနေ့ဖြေပြီး ချိန်ကင်မရာ နဲ့ကြိုရိုက်ထားခဲ့တာ အခုတော့ဂုဏ်ယူစွာတင်ပေးနိုင်ပါပြီ)။ သမီးလေးကို ဘာသာစုံဂုဏ်ထူးထွက်နိုင်အောင် သင်ကြားပေးကြ လသာ အထက(၄)ပုဇွန်တောင် ကျောင်းအုပ်ဆရာမကြီးနှင့် တကွ ဆရာဆရာမများ၊ ငယ်စဉ်ထဲကစနစ်တကျစောင့်ရှောက်ခဲ့သောကျောင်းအုပ်ဆရာမကြီး(ငြိမ်း)ဒေါက်တာဒေါနုနုရွှေနှင့်ဆရာ ဆရာမများပြင်ပတွင် ထပ်မံသင်ကြားပေးကြသော ဆရာဦးသန့်စင်နှင့်တကွ ဆရာဆရာမများအိမ်တိုက်ရာ ရောက်လာသင်ကြားပေးသော ဆရာမများနှင့် တကွ သင်ဆရာမြင်ဆရာကြားဆရာအားလုံးကို သမီးမိုးဖြူစင်ဇော် ကိုယ်စာအထူးကျေးဇူးတင်ရှိပါသည်” ဆိုပြီး ပြောထားပါသေးတယ်။

Photo: Naing Zaw

နိုင်ဇော်ဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ Lazy Club တီးဝိုင်းမှာ Lead Guitar တီးခတ်သူ တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော်အနေနဲ့ သီချင်းအများကြီး တီးဖြစ်နေပါတယ်။ သူ့အနေနဲ့ တက်သစ်စ အဆိုတော် တွေအပေါ်မှာလည်း အများကြီး အကူအညီတွေ ပေးနိုင်ခဲ့တဲ့ ဆရာတစ်ဦးဆိုရင်လည်း မမှားပါဘူး။ 

Share

Loading Next Article...
က္က