အသက် ၈၀ ရှိပြီ သီချင်းတွေ လုပ်တုန်းပဲ။

မို့မို့က အသက် ၈၀ အရွယ်အထိ ဂီတအလုပ်တွေ မရပ်မနားလုပ်နေသေးတဲ့ မိခင်ဖြစ်သူ အဆိုတော်ကြီး ဖြူသီ အကြောင်းပြောပြလာပါတယ်။ မကြာခင်မှာလည်း “The Best Of Phyu Thi” ဆိုတဲ့ အခွေထွက်လာဖို့ ပြင်ဆင်နေပြီလို့ သူကဆိုပါတယ်။ 

Photo: Moh Moh



အဆိုတော် မို့မို့ ကို ဝါရင့်အဆိုတော်ကြီး ဖြူသီရဲ့ သမီးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အသက် ၈၀ အရွယ်အထိ ဂီတအလုပ်တွေ လုပ်နေတုန်းဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ သီချင်းခွေ အသစ်အကြောင်းကို အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အသက် ၈၀ မှ ပြန်လုပ်ဖြစ်တာဆိုတော့ မေမေ့အတွက် သီချင်းတွေက တစ်ပုဒ်ဆိုရင် ဆိုသလောက် ပင်ပန်းတယ်ပေါ့နော်။ ငယ်ငယ်တုန်းကလို အရမ်းမဆိုနိုင်တဲ့အခါကျတော့ အချိန်ယူရတယ်။ အဲဒီအတွက် အိပ်ရေးလည်းဝရမယ်၊ အားလည်းဖြည့်ရတယ်ပေါ့နော်။ သီချင်းပုံစံလေးတွေကိုလည်း ဗားရှင်းလေးတွေ အကုန်ပြောင်းထားတယ်” လို့ သူကဆိုပါတယ်။ 

Photo: Moh Moh

ဖြူသီဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား၊ လူကြိုက်များခဲ့တဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမကို ပရိသတ်အားပေးခဲ့တဲ့ သီချင်းတွေကို စုစည်းပြီး “ The Best Of Phyu Thi” ဆိုတဲ့ အခွေ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ မို့မို့က ပြောပါတယ်။ 

“ The Best Of Phyu Thi အခွေ လုပ်နေတာတော့ ကြာပြီ။ တကယ်ဆိုရင် ဇန်နဝါရီလ ၂၄ ရက်နေ့ မေမေ့ မွေးနေ့မှာ ထွက်ဖို့ လုပ်ထားတာ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကြာနေတာ ဖြစ်တဲ့အတွက် မွေးနေ့မှ မဟုတ်ပဲ ပြီးတဲ့အချိန်ကို အခွေထုတ်မယ်ပေါ့နော်။ ဒီအခွေကို လုပ်နေတာလည်း ကြာပြီ ဆိုလည်း ဆိုနိုင်သေးတယ်။ ဒါကြောင့် တစ်ခွေတော့မြန်မြန်ထုတ်လိုက်ချင်တယ် ဆိုတဲ့အတွက် အခုအခွေကို သေသေချာချာလေး လုပ်နေပါတယ်” လို့ ပြောပြခဲ့ပြန်ပါသေးတယ်။ 

Photo: Moh Moh

မို့မို့ကတော့ မိခင်ဖြစ်သူ ဖြူသီရဲ့ ဂီတဝါသနာကို အခုချိန်ထိ အားပေးနေတုန်းပါတဲ့။ အဆိုတော် ဖြူသီ ရဲ့ အမာခံပရိသတ်တွေကလည်း အသံကို ကြားရင် မှတ်မိနေဦးမှာပဲလို့ မို့မို့က ပြောပြခဲ့ပါတယ်။ လက်ရှိမှာလည်း အဆိုတော် ဖြူသီ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို လူငယ်ဂီတပညာရှင်တွေကလည်း ပြန်လည်သီဆိုလာတာကို တွေ့ရပါတယ်။ 

“ မေမေ့ရဲ့ အသံက ကြားလိုက်တာနဲ့ ဒါက ဖြူသီဆိုပြီးတော့ မှတ်မိကြတယ်။ ဒီပင်ကိုအသံကတော့ အခုထိရှိပြီးသားပေါ့နော်။ ဒါပေမယ့် အသက်ကြီးလာတော့ သိပ်အားမစိုက်နိုင်တော့တာလေးတွေတော့ရှိတယ်။ အခုထွက်မှာကလည်း အခွေဖြစ်တဲ့အတွက် မေမေ့ စိတ်တိုင်းကျ ပြင်ပြီးတော့ ဆိုလို့ရတယ်။ အစ်မက တော့ သဘောကျပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က XiMi ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Moh Moh

အဆိုတော် ဖြူသီဟာ ၁၉၉၉ ခုနှစ်က မိုင်ပေါင်းကုဋေ မှ လမ်းပြကြယ်သို့ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ပထမဆုံး ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ "မယ်စင်္ကဝြဠာ" ၊ "လွမ်းငွေ့ဝေဝေ " ၊ ၊ "သူများစကားဒို့မယုံ"၊ "မချမ်းသာချင်နေ" ၊ " ဒီဇင်ဘာအချစ် " ၊ "အပျိုဟိုင်းကြီး" ၊ "ချစ်ဦးစနေ" စတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိခဲ့ပါတယ်။ အတွဲအခွေ အနေနဲ့ကတော့ အဆိုတော် အောင်ရင်နဲ့ "ဟိုဘက်အိမ်ကသူ" ၊ " ပိုလာဘာလီ"၊ " လှေကလေးစီးမယ်" တို့အပြင် အဆိုတော် ထူးအိမ်သင်နဲ့လည်း "နာရီမုန်းသူ" ၊ "လမ်းပြကြယ်" ၊ "ဘာလိုလို " စတဲ့ အတွဲအခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်ပါတယ်။ အဆိုတော် မို့မို့ ကိုတော့ "ပိုလာဘာလီ" ဆိုတဲ့ သီချင်းလေးကို မိခင်ဖြစ်သူ အဆိုတော် ဖြူသီနဲ့ တွဲဖက် သီဆိုခဲ့တဲ့ အချိန်မှာ ပရိသတ်တွေက စသိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ထွက်ရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတုန်းပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က