ပိုးမွေးသလို မွေးနေရတယ်။

မိုးဟေကိုကတော့ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပြီး မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ 

Photo: Life



မိုးဟေကို ကတော့ သူမရဲ့ မိခင်ဟာ ဆီးချို၊ သွေးချို ရောဂါရှိသလို ကျောက်ကပ်လည်း ဆေးနေရတယ်လို့ ဆိုပါတယ်။ ဒီဝေဒနာတွေကြောင့် မိခင်ရဲ့ အနားမှာ အနီးကပ်နေပြီး ပြုစုပေးနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

" အခုချိန်မှာ မေမေက ကိုယ်ခံအားနည်းတယ်။ ကျောက်ကပ်ဆေးနေရတဲ့ သူတိုင်း သိပါတယ်။ ဆီးချိုသွေးချိုကလည်းရှိသေးတယ်လေ။ အိမ်မှာပဲ ဆေးကုနေရတာ (၅) နှစ်လောက်ရှိပြီ။ အမေကို ပိုးလေးမွေးသလိုမျိုး အရိပ်တကြည့်ကြည့်နဲ့ကို နေနေရတာပါ။ အမေ့ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေ၊ သူထမင်းမစားရင် ဘာလို့မစားတာလဲ၊ အိပ်နေရင်လည်း ဘာလို့ အရမ်းအိပ်နေတာလဲ နှုန်းနေတာလား၊ အားမရှိလို့လား တွေးမိတယ်" လို့ ထာဝရ ဝိန့်စိန် ရွှေဆိုင် ကြော်ငြာရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Moe Hay Ko

မိသားစုတစ်စုလုံးကလည်း မိခင်ဖြစ်သူကို အရမ်းဂရုစိုက်ကြတယ်လို့ မိုးဟေကိုက ပြောပါတယ်။ ဖခင်ဖြစ်သူကလည်း ဇနီးဖြစ်သူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ စားစရာတွေကို စီစဉ်ပေးလေ့ရှိတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

" မိုးတို့ တစ်အိမ်လုံးမှာ အမေက နံပါတ်(၁)ပဲ။ အဖေကတော့ အမေ့အတွက် အစားအသောက်နဲ့ ပတ်သက်ပြီး ဂရုစိုက်တယ်။ မိုးကကျတော့ အမေ့ကို ဆေးဝါးနဲ့ပတ်သက်ရင် ဆေးခန်းပြတာ၊ ဆေးတိုက်တာ၊ အားဆေးတိုက်တာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုပြီးတော့ ဂရုစိုက်ဖြစ်တယ်။ အဖေကတော့ မိသားစုတွေ စားချင်တဲ့ အစားအသောက်တွေကို တာဝန်ယူစီစဉ်ပေးရတာပေါ့လေ။ အခုချိန်မှာ ကျန်းမာရေး မကောင်းတဲ့ အမေ့ကိုတော့ ပိုဂရုစိုက်ဖြစ်တာပေါ့။ သားသမီးတိုင်းကတော့ ကိုယ့်ရဲ့ မိဘတွေကို ချစ်ကြမယ်ထင်ပါတယ်။ အဲဒီအထဲမှာ မိုးတစ်ယောက် အပါအဝင်ပေါ့လေ။ " လို့ သူက ဆိုပါတယ်။ 

Photo: Moe Hay Ko

 မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က