လင်းဇာနည်ဇော်ရဲ့ သဘောထားကိုလည်း ပြောပြလာပါတယ်။

မြူလင်းကိုကိုကတော့ သူမအတွက် အလုပ်တွေ ကြိုးစားနေရတဲ့ မိခင်ဖြစ်သူ လင်းဇာနည်ဇော်ကို အားကိုဖော် တစ်ယောက် ရှိလာစေချင်ပြီလို့ ဆိုပါတယ်။ 

Photo: Myu Lin Ko Ko



သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသောသမီးလေး မြူလင်းကိုကို ကတော့ အခုဆိုရင် မြန်မာနိုင်ငံကို အလည်အပတ် ပြန်ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူမဟာ မိခင်ဖြစ်သူက တစ်ယောက်တည်း အလုပ်တွေ ကြိုးစားနေရတာဖြစ်တဲ့အတွက် အားကိုးဖော် ရှာစေချင်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ မေကြီးက တစ်ယောက်တည်းနေလာတာ ကြာပြီဆိုတော့ နောက်ထပ် အိမ်ထောင်ပြု မယ်ဆိုရင်လည်း မြုလင်းဘက်က အဆင်ပြေတယ်။ မြူလင်းကတော့ မေမေ့ကို နောက်အိမ်ထောင် ပြုစေချင်တယ်။ မေမေက အရမ်း Strong ဖြစ်တယ်။ သမီးကတော့ မေမေ့လောက် မသန်မာသေးဘူး” လို့ ဆိုပါတယ်။ 

Photo: Myu Lin Ko Ko

မိခင်ဖြစ်သူကို အိမ်ထောင်ပြုစေချင်တဲ့ သမီးလေး မြူလင်းကိုကိုရဲ့ဆန္ဒအပေါ် လင်းဇာနည်ဇော်က မတ်လ ၂၁ ရက်နေ့က “ကြည့်ရှုခံစား Shwe Series များ” မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ သူငယ်ငယ်တုန်းကဆို အစ်မကို နောက်အိမ်ထောင်ပြုဖို့နေနေသာသာ သူ့အဖေနဲ့တောင် ပြန်ပြီး သဝန်တိုတာ။ သူ့ကိုပဲ ချစ်ရမယ်ပေါ့နော်။ အခု သူအရွယ်ရောက်လာတော့ ကိုယ်တအားရုန်းကန်နေတာ တွေ့တော့ အမေ့ကို သနားတယ်ဆိုပြီးတော့ ကိုယ်ယူမှ သူ နောက်က လိုက်လို့ရမှာဆိုတဲ့ အကြံလားမသိသေးဘူး။ သူပြောတိုင်းလည်း ကိုယ် လိုက်မလုပ်ရဲဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Myu Lin Ko Ko

လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။ 

Photo: Myu Lin Ko Ko

မြူလင်းကိုကို ကိုတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုထက် အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမကိုလည်း သရုပ်ဆောင် ရဲကိုကို ၊ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ သမီးလေးအဖြစ်လည်း ပရိသတ်တွေက သိထားပြီးသားပါ။ မြူလင်းကိုကို ဟာ ပြည်ပမှာနေထိုင်ပြီး ပညာသင်ကြားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

က္က