နာရီပိုင်းအတွင်း ဖမ်းမိတာပါ။

မြိတ်က ကမ္ဘာဇဘဏ်မှာ လုယက်မှု တရားခံဖမ်းမိ မြိတ်က ကမ္ဘောဇာဘဏ်မှာ ဓါးထောက်လုယက်ပြီး ထွက်ပြေးသွားတဲ့ တရားခံကို နာရီပိုင်းအတွင်းဖမ်းဆီးရမိပြီလို့ မြိတ်မြို့နယ်ရဲစခန်းကနေ သိရပါတယ်။

 

39944416_307291406489257_8447642243879141376_n.jpg

Photo - မြတ်ထွဋ် (မြိတ်)

ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ မြိတ် မြို့က ရွှေယင်းမာလမ်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

“ဖမ်းမိတာမှန်ပါတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ဖမ်းမိခဲ့တာပါ” လို့ ရဲအရာရှိက အတည်ပြုပြောပါတယ်။

Photo - မြတ်ထွဋ် (မြိတ်)

ဒီနေ့ သြဂုတ်လ ၂၄ ရက် နေ့ခင်း ၁၂ နာရီလောက်က မြိတ်မြို့ အနောက်လယ်ရပ်ကွက်က ကမ္ဘောဇဘဏ်ခွဲ ၃ မှာ လူတစ်ယောက် ဓားကိုင်ဝင်လာကာ ကောင်တာပေါ်က ငွေငါးသိန်းကို လုယက်ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်ပြီး တရားခံဖမ်းဆီးခဲ့ရာ ၂ နာရီကျော်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အရပ် ၅ ပေ ၆ လက်မခန့်လောက်ရှိတဲ့ အမျိုးသားတစ်ဦးက ဓါးရှည်တစ်ချောင်းကိုင်ပြီး ဘဏ်အတွင်းဝင်ရောက်ဓားပြခြိမ်းခြောက်ပြီးကောင်တာအတွင်းက ထောင်တန်အုပ်တွေကိုယူသွားပြီး ဆိုင်ကယ်နဲ့ ထွက်သွားတာပါ။ စုစုပေါင်း ငွေ ငါးသိန်းပါသွားခဲ့တာပါ။

 

Share

Loading Next Article...
က္က