စိတ်မနှံသူအမျိုးသမီးကို ထိန်းသိမ်းခဲ့ပါတယ်။

မြိတ်မြို့မှာ စိတ်မနှံသူ အမျိုးသမီးတစ်ဦးက ဗိုလ်ချုပ်ကြေးရုပ်ပေါ်ကို ခွတက်ခဲ့မှု ဒီကနေ့ မတ်လ ၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo- KingIsland Myanmar (လူမှုကွန်ရက်မှာပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်)

ဒီနေ့ မနက် ၈ နာရီလောက်က မြိတ်မြို့လယ်ခေါင်မှာထားရှိတဲ့ မြင်းစီးနေဟန် ဗိုလ်ချုပ်ကြေးရုပ်ပေါ်ကို အဆိုပါ စိတ်မနှံသူ အမျိုးသမီးက ခွတက်ပြီး အချိန်အတော်ကြာနေခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ နေခဲ့ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသမီးကို ကြေးရုပ်ပေါ်က နေပြန်ဆင်းလာဖို့သက်ဆိုင်ရာ ရပ်ကွက်ရေးမှူးနဲ့ အဖွဲ့တွေက သွားရောက် ကူညီမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ မနက် ၁၁ နာရီလောက်မှာ အဆိုပါ အမျိုးသမီးကို မိသားစုတွေထံ ရဲစခန်းမှာ ပြန်လည်အပ်နှံခဲ့ပြီး အရေးယူမှုတော့ မရှိခဲ့ဘူးလို့ မြိတ်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က Duwun ကိုပြောပါတယ်။


Photo- KingIsland Myanmar (လူမှုကွန်ရက်မှာပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်)

“အုပ်ထိန်းသူ သူ့ညီမတွေနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ပြန်ခေါ်သွားပါတယ်။ အရေးယူမှုတော့ မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ကို အုပ်ချုပ်ရေးမှူးက လှမ်းပြီးသတိပေးလို့ ရဲမေတွေနဲ့ သွားရောက်ထိန်းသိမ်းခဲ့ပါတယ်” လို့ ဒုရဲမှူး ချိုလွင်က ပြောပါတယ်။

အဆိုပါအမျိုးသမီးမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသည်မှာ ၃ နှစ်ခန့်ရှိပြီး မိသားစုနဲ့ အတူနေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ မိခင်မှာ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အခန်းသွားစောင့်နေရတာကြောင့် မိခင်မရှိတဲ့အချိန်မှာ လျှောက်သွားရင် အခုလိုဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ စခန်းမှူးက Duwun ကို ပြောပြပါတယ်။

Share

Loading Next Article...
က္က