မီတာခတွေလျော့နည်းအောင်လုပ်ဆောင်နေကြတာပါ။

မီတာခတွေမတက်အောင် လူတွေက နည်းအမျိုးမျိုးနဲ့ မသမာမှုတွေတွေပြုလုပ်နေပြီး အဲဒီထဲကမှ မီတာဖတ်တဲ့ဝန်ထမ်းတချို့က မီတာ ဖတ်ရမယ့်ရက်မှာ မီတာသွားမဖတ်ဘဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ကိုယ့်ဘာသာ မှန်းရေးပြီး ဖြည့်ရေးလိုက်တာတွေရှိသလို၊ တချို့ကျတော့လည်း အိမ်တွေကိုသွားပြီး မီတာဖတ်ပေမယ့် ဂဏန်းမှားရေးတာတွေရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဌ ဦးမောင်မောင်လတ်ကပြောပါတယ်။

မီတာခတွေမတက်အောင် လူတွေက နည်းအမျိုးမျိုးနဲ့ မသမာမှုတွေတွေပြုလုပ်နေပြီး အဲဒီထဲမှာ မသမာတဲ့မီတာဖတ်တဲ့ ဝန်ထမ်းတွေလည်းပါဝင်နေတယ်လို့ YESCမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ(၉)ရက်နေ့ ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။

“ တချို့က မီတာတွေကို နည်းအမျိုးမျိုးနဲ့ မသမာမှုလုပ်တယ်။ မသမာမှုလုပ်တဲ့နည်းကတော့ မျိုးစုံပဲ။ မီတာကိုအမျိုးမျိုးမတက်အောင် မီးခိုးပြီးချိတ်ကြတာလည်းရှိတယ်။ အရင်ကပိုဆိုးတယ်ဒါတွေက။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေပေါ့။ အားလုံးကိုတော့မဆိုလိုဘူး၊ တချို့ဝန်ထမ်းတွေပေါ့။ တချို့ဝန်ထမ်းတွေက မီတာ ဖတ်ရမယ့်ရက်မှာ မီတာသွားမဖတ်ဘဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ကိုယ့်ဘာသာ မှန်းရေးပြီး ဖြည့်ရေးလိုက်တာတွေရှိတယ်။ တချို့ကျတော့လည်း အိမ်တွေကိုသွားပြီး မီတာဖတ်ပေမယ့် ဂဏန်းမှားရေးတာတွေရှိတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဌ ဦးမောင်မောင်လတ်ကပြောပါတယ်။



မီတာဖတ်တဲ့ ဝန်ထမ်းတစ်ယောက်ကို တစ်လမှာ (၅)ရက်ဖတ်ခိုင်းပြီး တစ်နေ့ကို အလုံး(၂၀၀)နဲ့ မီတာလုံးရေ (၁၀၀၀)ဖတ်ဖို့တာဝန်ပေးထားတယ်လို့ သိရပါတယ်။ မီတာခတွေမတက်အောင် မသမာတဲ့နည်းနဲ့လုပ်တဲ့ပြည်သူတွေကိုတော့ မီတာခတွေကို စနစ်တကျပြန်တွက်ပြီး ပြန်လည်ကောက်ခံသလို ဝန်ထမ်းတွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းကိုတင်ပြပြီး အရေးယူဆောင်ရွက်တာမျိုးတွေ၊ အလုပ်ကထုတ်ပယ်တာမျိုးတွေဆောင်ရွက်မှာဖြစ်တယ်လို့ ဦးမောင်မောင်လတ်ကပြောကြားခဲ့ပါတယ်။ မီတာတွေကို တစ်လတစ်လ လိုဖတ်၊ပိုဖတ်တဲ့ ပြဿနာတွေက တော်တော်ဖြေရှင်းရတာကြောင့် ဒီလိုလုပ်တဲ့ဝန်ထမ်းတွေကိုလည်း အရေးယူဆောင်ရွက်တာတွေရှိတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က