ဆော်ဒီကိုပြောင်းရင် ရမယ့်ငွေကြေးထက် မိုင်ယာမီမှာ မိသားစုပျော်ရွှင်ဖို့ကို ရွေးချယ်ခဲ့တာပါ။

လီယွန်နယ်မက်ဆီဟာ တနှစ်ကို လုပ်ခလစာ ဒေါ်လာ ၁ ဘီလျံအထိရမယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့တာလို့ TyC Sports ရဲ့ သတင်းထောက်က ပြောဆိုလိုက်ပါတယ်။ အင်တာမိုင်ယာမီအတွက် ကစားပေးနေပြီဖြစ်တဲ့ မက်ဆီကို ဆော်ဒီကလပ် အယ်လ်ဟီလယ်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ငြင်းဆန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

"ဆော်ဒီကလပ် အယ်လ်ဟီလယ်က မက်ဆီကို တနှစ်အတွက် ဒေါ်လာ ၁ ဘီလျံနဲ့ အတိအကျကမ်းလှမ်းခဲ့တာပါ၊ ဒါပေမယ့် သူက မိုင်ယာမီကိုပဲ သွားချင်လို့ ငြင်းခဲ့တာ၊ ဘာလို့လဲဆိုတော့ သူ့မိသားစုနဲ့အတူ အေးအေးဆေးဆေး၊ သက်တောင့်သက်သာဖြစ်မယ့် ဘ၀က မိုင်ယာမီမှာမို့ သူ ရွေးချယ်ခဲ့တာ"

"မိုင်ယာမီမှာတော့ သူက စပွန်ဆာရှစ်စာချုပ်တွေ မပါဝင်ဘဲ အသားတင်လစာ ဒေါ်လာသန်း ၄၀ ကနေ သန်း ၅၀ ကြားရမှာပါ" လို့ TyC သတင်းဌာနဂျာနယ်လစ် Gaston Edul က တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ များပြားလှတဲ့ ငွေကြေးပမာဏကို မိသားစုစိတ်ချမ်းသာစေဖို့အတွက် ဦးစားပေးကာ စွန့်လွှတ်ခဲ့တာလို့လည်း ဆိုရပါလိမ့်မယ်။ 

မိုင်ယာမီအတွက် ပွဲဦးထွက်မှာပဲ ဖရီးကစ်ကနေ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မက်ဆီက အခုဆိုရင် အသင်းခေါင်းဆောင်သစ်ပါ ဖြစ်လာခဲ့ပါပြီ။ နည်းပြမာတီနိုက သူ့အသင်းရဲ့ ခေါင်းဆောင်သစ်အဖြစ် မက်ဆီကို ရွေးချယ်ထားတယ်လို့ ဒီနေ့မှာပဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က