စမ်းသပ်ကာလအနေနဲဇုန်ဝင်ကြေးတွေ ကောက်ခံမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 မြိတ်ကျွန်းစုကို ဝင်တဲ့ နိုင်ငံခြားသားခရီးသွားတွေကို ဇုန်ဝင်ကြေး ကျပ်ငါးထောင် စတင်ကောက်ခံနေပြီလို့ မြိတ်ခရီးသွားလုပ်ငန်းတွေဆီကနေ သိရပါတယ်။

ခရီးသွားများအများစုလာရောက်သည့် မြိတ်ကျွန်းစုရှိ ကျွန်းတစ်ကျွန်းမြင်ကွင်း (Go-Myanmar)



မြိတ်ကျွန်းစုပင်လယ်ပြင်ဒေသ ထားဝယ်၊ မြိတ်နဲ့ကော့သောင်းတွေမှာရှိတဲ့ ကျွန်းစုတွေကို သွားလည်ပတ်ရာမှာ ဇန်နဝါရီလကနေစပြီး မတ်လကုန်အထိ စမ်းသပ်ကာလအနေနဲ့ ဇုန်ဝင်ကြေးတွေ ကောက်ခံမယ်လို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

“ဇုန်ဝင်ကြေးက ကောက်နေတာက တစ်လပိုင်းလောက်ကတည်းပါ။ ဟိုတယ်ခရီးက စာထုတ်တာပါ။ အဓိကက နိုင်ငံခြားသားတွေကို ကောက်တာဖြစ်ပါတယ်။ စာလည်းထွက်ထားပါတယ်။” လို့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြင့်သန်းက Duwun ကိုပြောပါတယ်။

ကျွန်းဝင်ကြေးကောက်ခံမှုနဲ့ ဇုန်ဝင်ကြေးကောက်ခံမှုမှာ တူညီခြင်းမရှိဘဲ ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသားများကို သီးသန့် ကျပ်ငါးထောင်ကောက်ခံခြင်းဖြစ်ပြီး ကျွန်းဝင်ကြေးကိုမူ သီးသန့်ပေးဆောင်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

မြိတ်ကျွန်းစုဒေသကို နိုင်ငံခြားသားခရီးသွားတွေ လာရောက်မှုများပြားပြီး အချို့ကျွန်းဝင်ကြေးများကိုမူ ထိုင်းဘတ်ငွေဖြင့် ပေးဆောင်ရတယ်လို့ သိရပါတယ်။ လက်ရှိရာသီမှာ ခရီးသွားများ ပုံမှန်ဝင်ရောက်မှုရှိနေသည့်ရာသီဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြီးဆုံးသည့်အချိန်တွင်မူ ခရီးသွား ပိုမိုဝင်ရောက်လေ့ရှိကြောင်း ခရီးသွားလုပ်ငန်းပိုင်ရှင်တွေက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က