ငယ်ငယ်ကတည်းက သနပ်ခါးပဲလိမ်းတာ။

မြတ်ကေသီအောင်က မင်းသမီး တစ်ယောက်ဖြစ်ပေမယ့် သာမန် ပုံစံ ရိုးရိုးလေးနဲ့သာ နေထိုင်တတ်သူဖြစ်ပါတယ်. သူမကိုတော့ သနပ်ခါးပါးကွက်ကြားနဲ့ သာ အမြဲတမ်း မြင်တွေ့နေရတတ်ပါတယ်.

Photo: မြတ်ကေသီအောင်

သရုပ်ဆောင် မြတ်ကေသီအောင်ဟာ သူပါဝင်သရုပ်ဆောင်ရမယ့် '' ကိုယ်ပွား'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို ယောဂီဝတ်စုံ. သနပ်ခါးပါးကွက်ကြားနဲ့ အားလုံးထဲကမှ ထူးထူးခြားခြား ပုံစံတစ်မျိုးလေးနဲ့ တက်ရောက်လို့လာခဲ့ပါတယ်. ဒီလို တက်ရောက်ဖြစ်တဲ့ သူ့ရဲ့ စိတ်ခံစားချက်ကိုလည်း မီဒီယာတွေရဲ့ အင်တာ ဗျူးမှာ အခုလိုပြောပြခဲ့ပါတယ်.

'' များသောအားဖြင့် ဘုရားမှာ ကန်တော့ပွဲ ပေးတဲ့ အချိန်က စပြီးတော့ ဒီလို ယောဂီပဲ ဝတ်ဖြစ်တော့တယ်. ဘာကြောင့်လဲ ဆိုတော့ ဘုရားကြီးလာပြီးတော့ ပြင်ပြင် ဆင်ဆင်နဲ့ တောက်တောက်ပပတွေလည်း မဝတ်ချင်ဘူး. မိတ်ကပ်လည်း မလိမ်းချင်ဘူး ရိုးရိုးပဲ နေချင်တာနဲ့ ယောဂီပဲ ဝတ်ဖြစ်တယ်. သနပ်ခါး ပါးကွက် ကျားပဲ လိမ်းဖြစ်တယ်'' လို့ ဆိုပါတယ်.

Photo: မြတ်ကေသီအောင်

မြတ်ကေသီအောင် ဟာ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ မင်းသမီးကြီးတွေထဲက တစ်ဦးဆိုရင်လည်း မမှားပါဘူး. မင်းသမီး ဆိုပေမယ့်လည်း အလှအပ ရေးရာနဲ့ ပတ်သက်လာရင် စိတ်မဝင်စားတဲ့ သူဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကိုယ်ပွား ရုပ်ရှင် ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်.

'' များသောအားဖြင့် အိမ်မှာ နေတုန်းကလည်း သနပ်ခါးကြိုက်တယ်. အဲ့ဒီတော့ ပါးကွက်ကလည်း အမြဲတမ်းကွက်တယ်. ပါးကွက်ကတော့ ငယ်ငယ်လေးကတည်းက ကွက်တာပါ. ဆိုင်ထိုင်တော့လည်း ပါးကွက်နဲ့ပဲ. မိတ်ကပ်တွေလည်း တကယ်မကြိုက်ဘူး. မတက်သာလို့သာ လိမ်းရတာ'' လို့ ကိုယ်ပွား ရုပ်ရှင်ဇာတ်ကား ကြီး ကန်တော့ပွဲမှာ ပြောပြခဲ့ပါတယ်.

Photo: မြတ်ကေသီအောင်

အနုပညာလောကမှာ အောင်မြင်မှုတွေအများကြီးရရှိခဲ့ဖူးတဲ့ မြတ်ကေသီအောင်ဟာ အခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးကိုဘဲ အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ မောင်လေးအရင်းနဲ့အတူ Coffee Lu Gallery ဆိုတဲ့ ကိုယ်ပိုင်ဆိုင်လေးကို မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတာပါ။

Photo: မြတ်ကေသီအောင်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ သူ့ရဲ့ အသက်က ၄၆ နှစ်ပြည့်ခဲ့ပြီးဖြစ်တဲ့ မြတ်ကေသီအောင် ဟာ ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထား တုန်းပါပဲ။

Share

Loading Next Article...
က္က