ခရီးသည်ခြောက်ဦးနဲ့ ဝန်ထမ်းသုံးဦးသယ်ဆောင်မှာဖြစ်ပြီး အထပ်သုံးထပ်ပါဝင်မှာဖြစ်ပါတယ်။

မြိတ်မှာ ဆိုလာစွမ်းအင်သုံးရွက်သဘောၤကို စတင်အသုံးပြုသွားမယ်လို့ memories ခရီးသွားကုမ္ပဏီကနေ သိရပါတယ်။

photo- memories travel group

၁၆.၇ မီတာအရှည်ရှိတဲ့ ဆိုလာစွမ်းအင်သုံးရွက်လှေက ဒီလအကုန်မှာစတင်လည်ပတ်မှာဖြစ်ပြီးတော့ ခရီးသည်ခြောက်ဦးနဲ့ ဝန်ထမ်းသုံးဦးသယ်ဆောင်မှာဖြစ်ပြီး အထပ်သုံးထပ်ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သီးသန့်ရေချိုးခန်းနဲ့ အိပ်ခန်းတွေပါပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါသဘောၤကို ၂၀၁၈ ခုနှစ်အတွင်းက တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ၁၀၀ ရာခိုင်နှုန်း နေရောင်ခြည်စွမ်းအင်သုံးရွက်သဘောၤဖြစ်ပြီး အာရှမှာရွက်လွှင့်မယ့် နေရောင်စွမ်းအင်သုံး ပထမဆုံးသဘောၤလည်းဖြစ်ပါတယ်။


5SS သဘောၤက သဘာဝပါတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေနိုင်ပြီးတော့ စီးနင်းသူကိုလည်း ကောင်းမွန်တဲ့ ခံစားမှုကိုပါ ရရှိစေမယ်လို့ ပြေထားပါတယ်။ အဆိုပါ သဘောၤကိုတော့ တစ်နေ့ကို အမေရိကန်ဒေါ်လာ ၃၂၀၀ ကနေစပြီးငှားရမ်းနိုင်မှာဖြစ်ပြီး ကော့သောင်းမြို့ကနေ ၄ ရက်ဒါမှမဟုတ် ၆ ရက်ခရီးစဉ်အထိ ရွေးချယ်ငှားရမ်းနိုင်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က