ဂျပန်ကြီးမီတိုမာတယောက် ညက ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။

အာရွန်ဝမ်စ်ဘစ်စ်ကာကတော့ မနေ့ညက ဘရိုက်တန်နဲ့ အက်ဖ်အေဆီမီးပွဲမှာ ဂျပန်သားလေးမီတိုမာကို မူကြိုကျောင်းပြန်ပို့လိုက်တယ်ဆိုပြီး ချီးကျူးခံနေရပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ ဘရိုက်တန်အတွက် ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမားဟာ ဘစ်စ်ကာကို လုံး၀ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ တောင်ပံတိုက်စစ်မှာ ဘောလုံးတွေ နောက်ပြန်ပေးပြီးတော့သာ အချိန်ကုန်နေခဲ့ရတာပါ။ 

ဘစ်စ်ကာက မီတိုမာရဲ့ ပြေးလမ်းကြောင်းကို ကျဉ်းမြောင်းနေအောင် နေရာယူဟန့်တားခဲ့သလို takcle လုပ်ခဲ့ပုံတွေကလည်း ကောင်းမွန်နေခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးနဲ့အတူ ဆွဲပြေးပုံတွေကို တက္ကသိုလ်ကျောင်းသားဘ၀မှာ စာတမ်းပြုစုလေ့လာပြီး ကစားသမားဖြစ်လာချိန်မှာ လက်တွေ့အသုံးချကာ ခြေစွမ်းပြနေတဲ့ မီတိုမာတယောက် ဘာဆိုဘာမှမတတ်နိုင်အောင်ဖြစ်ခဲ့ပြီး မူကြိုကျောင်းဆီ ပြန်ပို့တာပါ ခံလိုက်ရတယ်လို့ ဆိုနေကြပါတယ်။ 

ဘစ်စ်ကာရဲ့ ပွဲချိန်တွင်းစွမ်းဆောင်ရည်ကို Squawka က ဖော်ပြခဲ့ရာမှာတော့ ဖျက်ထုတ်မှု ၂ကြိမ်စလုံးအောင်မြင်ခဲ့ပြီး Dribble လုပ်ကျော်ဖြတ်ခံရတာ တကြိမ်မှမရှိခဲ့သလို ပြစ်ဒဏ်ဘောလည်း တကြိမ်မှ မကျူးလွန်ခဲ့ဘူးလို့ ဆိုပါတယ်။ မြေပြင်ဘောလုံးလုယူမှုမှာလည်း သူက ၆ ကြိမ်စလုံးကို ရာနှုန်းပြည့်အောင်မြင်ခဲ့လို့ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

ဒီရာသီမှာ ဘစ်စ်ကာကို ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်တာက နော်တင်ဟမ်ဖောရက်စ်ကစားသမား ဒန်းနစ်တဦးတည်းသာရှိပါတယ်။ ESPN ရဲ့ ဖော်ပြချက်မှာလည်း ၂၀၁၇-၁၈ ဘောလုံးရာသီကစလို့ ဘစ်စ်ကာက ဖျက်ထုတ်မှုပေါင်း ၅၇၁ ကြိမ်အထိ ပြုလုပ်ခဲ့ရာမှာ ၄၄၉ ကြိမ်အထိ အောင်မြင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သူ့ထက် ဘယ်သူမှ သာလွန်အောင်မစွမ်းဆောင်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

တန်ဟက်ဂျ်ကတော့ ဘစ်စ်ကာကို အရန်ခုံဆီပို့ပြီး ဒါလော့နဲ့ နေရာလုနိင်ဖို့ တွန်းအားပေးခဲ့တာ အကျိုးရှိလာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ကနေ ထွက်ခွာရဖို့အထိ နီးစပ်ခဲ့တဲ့ ဘစ်စ်ကာက အခုတော့ တန်ဟက်ဂျ်ရဲ့ အားထားရတဲ့ ညာနောက်ခံလူအဖြစ်ရှိလာနေပြီး တိုက်စစ်လိုက်ပါပုံသာ ပိုကောင်းလာခဲ့ရင်တော့ တကယ့်ကို ရွှေဖြစ်လာတော့မှာပါ။ 


Share

Loading Next Article...
က္က