စိတ်ချမ်းသာပြီး အေးချမ်းစေချင်တယ်။

ချစ်သုဝေက ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် တို့အပေါ် ထားတဲ့ သူမရဲ့ မိခင်အတ္တကို ဖွင့်ပြောပြလာပါတယ်။

ချစ်သုဝေက သမီးလေး ခေတ် နဲ့ သစ်အပေါ်ထားတဲ့ သူမရဲ့ အတ္တတွေကို ဖွင့်ပြောပြလာပါတယ်။ သမီးလေးတွေရဲ့ အနာဂတ်လမ်းကြောင်းကိုလည်း အမြဲတမ်း အေးချမ်းနေစေချင်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။



‘’ ဘဝဟာ ပျော်စရာ၊ ငိုစရာ တစ်လှည့်စီဆိုပေမယ့် အရာအားလုံးကို ဘုရား၊ တရားနဲ့ ယှဉ်ပြီး တွေးတဲ့ အတွေးနဲ့ တွေးတတ်ပြီးတော့ အကောင်းအဆိုး အားလုံးကို စိတ်ချမ်းချမ်းသာသာလေးနဲ့ ကျော်ဖြတ်စေချင်တယ်။ သူတို့ ဘဝမှာ စိတ်ချမ်းသာပြီး အေးချမ်းနေစေချင်တယ် အမြဲတမ်း။ အဲ့ဒါကတော့ မိခင် အတ္တပေါ့နော့်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ‘’အနှစ်’’ ပန်းချီပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

ချစ်သုဝေဟာ ချစ်စရာကောင်းလှတဲ့ သမီးလေးတွေ နဲ့ပတ်သက်ပြီး ကိုယ်ဝန်လွယ်ထားရချိန်မှာ မေ့လို့ မရတဲ့ အမှတ်တရ ရှိခဲ့တယ်လို့ ဆိုပါတယ်။

‘’မမထရီဇာတို့ အရင်နေတဲ့ ကန်တော်လေးကအိမ်မှာ အိပ်မက်မက်တော့လေ ကိုယ်ဝန်ကြီးနဲ့ လှဲနေတုန်းမှာ မြွေအစိမ်း အကြီးကြီးပဲ ဘေးနားကနေ ဖြတ်ပြီး ဝင်သွားပြီးတော့ ရှိုးကစ်လေးအပေါ်မှာ သွားခွေပြီးတော့ အိပ်နေတာ။ မမလည်း အဲဒါကိုပဲ ကြည့်နေတာ သူ အိပ်ပြီးတော့ ပြန်ထွက်သွားတယ်။ အဲဒါကတော့ မှတ်မှတ်ရရပဲ’’ လို့ သူကဆိုပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ က အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေ တို့ရဲ့ အမြွှာသမီးလေးတွေ ဖြစ်ကြတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ အသက် ၂ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ အဘိုးဖြစ်သူ ဦးဇော်ဝင်းက ‘’ အနှစ်’’ ပန်းချီပြပွဲကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။


ခေတ် နဲ့ သစ် တို့ ညီအစ်မ နှစ်ယောက်ကိုတော့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်က ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံက အမည်ပေးထားပါတယ်။ အဲ့ဒီနောက် ခေတ် နဲ့သစ် နာမည်နဲ့ ဖောင်ဒေးရှင်းလည်း တည်ထောင်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က