မိခင်မေတ္တာက အရမ်းကိုကြီးမားပါတယ်။

ချမ်းမီမိကို ကတော့ လက်ရှိမှာ ရင်သွေးလေးကို စောင့်ရှောက်ရင်း Single Mother အဖြစ် ရပ်တည်နေတဲ့အကြောင်းပြောပြလာပါတယ်။ 

ချမ်းမီမီကို ကတော့ လက်ရှိမှာ မိဘတွေနဲ့ အတူတူနေထိုင်ရင်း ရင်သွေးလေးကို စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ သူမဟာ မိခင်တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို Duwun ကနေ အခုလို ပြောပြလာပါတယ်။ 



“ မိခင်ဆိုတာ သားသမီးတွေအတွက် တာဝန်ကျေပွန်ဖို့၊ စောင့်ရှောက်ဖို့အတွက် မိခင်မေတ္တာက အရမ်းကို ကြီးမားတယ်။ ကလေးတွေအပေါ် ထားတဲ့ မေတ္တာ၊ သံယောဇဉ်ကလည်း အရမ်းကို ကြီးမားတယ်။ ဘာနဲ့မှ နှိုင်းလို့မရဘူး။ အဲဒီအတွက် မိခင်ဖြစ်ရတာ အရမ်းတန်ဖိုးရှိတယ်၊ သားလေးတွေ၊ သမီးလေးတွေ အဆင်ပြေပြေနေနေရရင် မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာ အရမ်းပီတိဖြစ်ရတယ်။ အချိန်တန် အလုပ်လုပ်မယ်။ ကိုယ့်ကလေးကို အချိန်ပေးမယ်" လို့ ဆိုပါတယ်။ 

ချမ်းမီမီကိုဟာ လက်ရှိမှာ ခင်ပွန်းဟောင်းဖြစ်သူ ကိုစိုးထွန်းရှိန်နဲ့ လမ်းခွဲထားတာဖြစ်ပြီး ရင်သွေးလေးကို တစ်ဦးတည်း စောင့်ရှောက်နေတယ်လို့ သိရပါတယ်။ Single Mother တစ်ယောက်အနေနဲ့ သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

"မိခင်တစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ သူက Single Mother ပဲဖြစ်ဖြစ် သူ့ရဲ့ အကြောင်းတရားကို သူပဲ သိတယ်လေနော်။ ဒါတွေကို ယောင်္ကျားလေးတစ်ယောက်ကို သွားပြောပြရင် နားလည်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီလို ရပ်တည်နေတဲ့ မိန်းကလေးတွေဆီမှာ မိခင်စိတ် အရမ်းကို ပြည့်ဝကြတယ်။ မိဘမေတ္တာ အရမ်းကိုကြီးမားတယ်။ သူတို့တွေကို အထင်မသေးသင့်ဘူး။ ချမ်းမီကတော့ အိမ်ထောင်ရေးဆိုတာကို အရမ်းလန့်နေပြီ။ ဘာကိုမှ စိတ်ကူးဖြစ်မှာလည်း မဟုတ်ဘူး ” လို့ သူကဆိုပါတယ်။ 

ချမ်းမီမီကို ကတော့ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက် အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကား တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးပါ။ ၂၀၁၄ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ခင်ပွန်းဟောင်း ဖြစ်သူ ကိုစိုးထွန်းရှိန် နဲ့ လက်ထပ်ခဲ့ပြီး အနုပညာအလုပ်တွေ ရပ်နားသွားတာကို တွေ့ရပါတယ်။ အိမ်ထောင်သက်တမ်း(၆) နှစ်အကြာမှာတော့ ခင်ပွန်းဟောင်းနဲ့ လမ်းခွဲခဲ့တာလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က