သူမရဲ့ မိသားစုအကြောင်းလေးကို ပြောပြခဲ့ပါတယ်။

ခင်ဝင့်ဝါကတော့ သူမဟာ မိဘတွေအတွက် သမီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မိဘနှစ်ပါးရဲ့ လိုအပ်ချက်တိုင်းကိုလည်း ဖြည့်ဆည်းပေးနိုင်လို့ ဂုဏ်ယူတယ်လို့သူကပြောပါတယ်။

Photo: Khin Wint Wah



ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါ ကတော့ ၂၀၁၉ ခုနှစ်ဟာ သူမအတွက် ကောင်းတဲ့အရာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ မိဘတွေအတွက်လည်း သမီးကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။

“၂၀၁၉ မှာတော့ အရာရာပြောင်းလဲမှုတွေရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေတိုင်းကိုလည်း နောင်တမရသလို ဝမ်းလည်းမနည်းဘူး။ ပြုပြင်စရာရှိတာတွေကို ပြုပြင်တယ်။ တစ်နှစ်ပြီး တစ်နှစ် အကောင်းဆုံးပြုပြင် ပြောင်းလဲနေထိုင်ပါတယ်။ ၂၀၁၉ မှာ သမီးကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ မိဘကို နံပတ် ၁နေရာမှာ ထားတယ်။ ပြီးတော့ ကိုယ် အသက်ရှင်နေသ၍ မိဘကို ဦးစားပေးသွားမှာပါ” လို့ သူကဆိုပါတယ်။

Photo: Khin Wint Wah

ခင်ဝင့်ဝါ ပိုင်ဆိုင်ထားတဲ့ မိသားစုလေးအကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ သူဟာ ချစ်ရတဲ့ မိသားစုလေးအတွက် ဖြည့်ဆည်းပေးနိုင်တဲ့သူဖြစ်လို့လည်း ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

“ ညီမတို့ မိသားစုက တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာကြီးကို ထုတ်မပြကြဘူး။ ဒါပေမယ့် အဖေ၊ အမေ နဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ချစ်တယ်ဆိုတာကို သိမှာပါ။ ကိုယ်တိုင်ကလည်း မိဘတွေရဲ့ လိုအပ်မှုတိုင်းက ထောက်ပံ့ပေးနိုင်တဲ့သမီးတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူတယ်၊ ကျေနပါတယ်။ ဒီစိတ်နဲ့ပဲ အလုပ်လုပ်တယ်၊ ဒီစိတ်နဲ့ပဲ တခြားအရာတွေကို လျစ်လျူလိုက်တာတွေရှိတယ်။ ဒီစိတ်ကြောင့်ပဲ စိတ်ဓာတ်ခိုင်မာလာတာတွေရှိတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ချည် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khin Wint Wah

ခင်ဝင့်ဝါဟာ မိဘကို အရမ်းချစ်တဲ့ သမီးလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် မိဘတွေနဲ့ ပတ်သက်လာရင် လုပ်ပေးချင်တဲ့အရာတွေ အရမ်းများတယ်လို့ သူကပြောပါတယ်။

“ မိဘကို လုပ်ပေးချင်တဲ့အရာတွေ အများကြီး Plan ထားတာရှိပါတယ်။ တဖြည်းဖြည်းချင်းလည်း လုပ်ပေးသွားတယ်။ ညီမက surprise လုပ်ရတာ ဝါသနာပါတယ်။ မိဘကို ထုတ်မပြောပဲ လုပ်ပေးတဲ့အရာလေးတွေဆိုရင် ကိုယ့်မိဘက ပျော်သွားရင် ကိုယ်လည်းပျော်တယ်။ အဲဒါလေးပဲ ကျန်တာ ဘာမှမလိုဘူး” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Khin Wint Wah

ခင်ဝင့်ဝါ(Khin Wint Wah)ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က