လာမယ့်ကြားရက်မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ရင်ဆိုင်ရတော့မှာပါ။

မန်ချက်စတာစီးတီးကတော့ မနေ့ညက ကစားခဲ့တ​ဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဗီလာကို အနိုင်ယူပြီး အာဆင်နယ်ကို ၃ မှတ်အကွာနဲ့ ဖိအားပေးခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီပွဲအနိုင်ရဖို့အတွက် ဖိဖိစီးစီးနဲ့ ကစားခဲ့ပြီး ပထမပိုင်းမှာပဲ ၃ ဂိုးစလုံးသွင်းယူနိုင်ခဲ့ကာ အာဆင်နယ်နဲ့ ရမှတ်အတူအနေအထားကို ဖန်တိးနိုင်မယ့် အခွင့်အရေးကို လက်မလွတ်စတမ်းအသုံးချနိုင်ခဲ့ပြီး အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်တွေ ခိုင်မာလာခဲ့ပါတယ်။ 

မန်စီးတိးအတွက် ရိုဒရီ၊ ဂန်ဒိုဂန်နဲ့ မာရက်ဇ်(ပင်နယ်တီ) တို့က ဂိုးတွေသွင်းယူပေးခဲ့ပြိး ဗီလာအတွက် တလုံးတည်းသောချေပဂိုးကိုတော့ ဝက်ကင်းစ်က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ မန်စီးတီးဟာ အာဆင်နယ်နဲ့ ၃ မှတ်သာကွာဟတော့ပြီး လာမယ့်ကြာသပတေးနေ့မှာ ကစားရမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကျန်ကို အနိုင်ရခဲ့မယ်ဆိုရင် ရမှတ်တူအနေအထားဖြစ်သွားတော့မှာပါ။ 



ဒါပေမယ့် မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ ဗီလာနဲ့ပွဲမှာ ပေါင်ဒဏ်ရာရသွားပြီး လူစားလဲလှယ်ခဲ့ရပါတယ်။ ဂွာဒီယိုလာကတော့ သူ့ကစားသမားဒဏ်ရာမရရှိဘူးလို့ ယုံကြည်နေပြီး စစ်ဆေးမှုရလဒ်တွေကို ဒီနေ့မှာသိရမှာဖြစ်ပြီး ဘယ်လိုအခြေအနေရှိလဲဆိုတဲ့အပေါ် မူတည်ကာ ဆုံးဖြတ်သွားရမယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 



"ဟာလန်းက ဒဏ်ရာမရဘူးထင်ပါတယ်၊ မနက်ဖြန်တော့ သိရမှာပါ၊ တကယ်လို့ သူမကစားနိုင်ရင် ဒါမှမဟုတ် အရဲစွန့်ရမှာမျိုးဆိုရင်တော့ သူ ကစားခွင့်ရမှာမဟုတ်ပါဘူး၊ ဒီနေ့ပွဲရလဒ်အတွက် ကျနော်ကျေနပ်ပါတယ်၊ အပေါ်အသင်းက အမှတ်လျော့ထားလို့လည်း ဒီပွဲက အရေးကြီးခဲ့ပါတယ်၊ နောက်ဆုံးမှာ ကျနော်တို့ အခွင့်အရေးယူနိုင်ခဲ့ပြီး အမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပါပြိ" လို့ ဂွာဒီယိုလာက ဆိုပါတယ်။ 

အာဆင်နယ်အတွက်လည်း မန်စီးတီးနဲ့ ကစားရမယ့်ပွဲက အရေးကြီးနေပြီး အမှတ်ပေးဇယားမှာ ရမှတ်ကွာဟနေဖို့ဆိုရင် မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပါတယ်။ မန်စီးတီးသာ အနိုင်ရခဲ့မယ်ဆိုရင် ကာလရှည်အမှတ်ပ​ေးဇယားကို အမှတ်ဖြတ်ဦးဆောင်ခဲ့တဲ့ အာဆင်နယ်နဲ့ ပူးတွဲဦးဆောင်တေ့ာမှာဖြစ်ကာ အာဆင်နယ်ကို ကြီးမားတဲ့ဖိအားတွေ ပေးနိုင်မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က