ကိုယ့်သားလေးကို ဆုတောင်းပေးရမှာပေါ့။

မို့မို့မြင့်အောင်ဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်တဲ့ မိုးအောင်ရင် ကို အောင်မြင်စေချင်တယ်လို့ဆိုပါတယ်။ သားတစ်ယောက်လို ချစ်ရတာကြောင့် ဆုံးမ စကားတွေ ပြောဖြစ်တယ်လို့ သူကပြောပါတယ်။

မို့မို့မြင့်အောင် တစ်ယောက် သားလေးလို ချစ်ရတဲ့ မိုးအောင်ရင် ထောင်က ထွက်လာကတည်းက မတွေ့ရသေးလို့ စိတ်ဆိုးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရိုက်ကွင်းမှာ ဆုံရင်း တွေ့ခဲ့ကြပြီးပြီလို့ မို့မို့မြင့်အောင်က မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်.



‘’ချော့စရာမလိုပါဘူးကွယ်။ ရှုတင်မှာပဲ သွားဆုံတာပါ။ လာတာလည်းမဟုတ်ဘူး။ ရှုတင်မှာ သူရိုက်ရမယ့် အလှည့်မရောက်ခင် ကိုယ်တွေက အရင်ကြိုရောက်နေတော့ ပြောဖြစ်သွားတာပါပဲ။ ကိုအုန်းဝင်း တို့ မအေးအေးဝင်းတို့ကိုတောင် သူ သွားကန်တော့နိုင်သေးတာပဲကွယ် ဇာတ်ကားရိုက်လို့ ရသွားတာပေါ့။ တစ်ခုပဲ ဆုတောင်းပါတယ်။ သူရိုက်တဲ့ဇာတ်ကားလေးတွေ အောင်မြင်ပါစေ’’ လို့ သူကဆိုပါတယ်။

မို့မို့မြင့်အောင်က အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့ မို့မို့မြင့်အောင်ကို အရင်တုန်းကလိုပဲ ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ရင်း အောင်မြင်စေချင်တယ်လို့ ဆိုပါတယ်။

‘’ မအေးအေးဝင်းတို့ ကိုအုန်းဝင်းတို့ဆီကိုလည်း မမို့ပဲ ခေါ်သွားပေးတာ။မမို့ပဲ စပြီးတော့ မိတ်ဆက်ပေးတာ။ ဒီကလေးကိုရိုက်ပါ။ အိုက်တင်နဲ့ ပတ်သက်ပြီးတော့ မမို့သင်ပေးမယ်။ အာမခံပါတယ်။ တခြားထုတ်လုပ်သူတွေလည်း စိတ်ဝင်စားစေချင်တယ်လေ။ သူက ဒါကိုမှ စိတ်ဝင်စားတယ်ဆိုရင်လည်း ကိုယ့်သားလေးကို အောင်မြင်ဖို့ ဆုတောင်းပေးရမှာပေါ့။ အရင်တုန်းကတော့ ကိုယ့်ဈေးကွက်တွေရှိနေတော့ ကိုယ့်သားကို အလကားဘယ်ထားမလဲနော်။ အကုန်လုံး ယိုင်ယွဲ့နေကြတဲ့အချိန်ဆိုတော့ ကိုယ်လည်း ဘာမှ လှုပ်သာ လှဲ့သာ မရှိတော့ဘူး’’ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့က ဝိန့်စိန် ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

မို့မို့မြင့်အောင်ဟာ ထောင်က ထွက်လာပြီး အနုပညာအလုပ်တွေ လုပ်နေတဲ့ သားဖြစ်သူ မိုးအောင်ရင်ကိုလည်း ဆုံးမစကားတွေ ပြောဖြစ်တယ်လို့ဆိုပါတယ်။

‘’ ထုံးစံအတိုင်းပေါ့ သူက လည်တာတော့ မလည်ဘူး။ ဒါကြောင့် သူငယ်ချင်းအပေါင်းအသင်း သတိထားဖို့၊ အနုပညာအလုပ်ကို ကြိုးစားဖို့ပဲပေါ့။ သူ အရင်တုန်းက အပြင်မှာ စကားပြောခဲ့သလို လေသံတွေ ဖျောက်ဖို့။ မမို့က အိုက်တင်သမားပဲ ဆိုတော့ အိုက်တင်တွေပဲ သင်ပေးတာများတယ်။ ကျန်တာတွေ သိပ်မသိတော့ မသင်ပေးဖြစ်ဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မို့မို့မြင့်အောင်နဲ့ မိုးအောင်ရင် တို့ဟာ သားအမိအရင်းတွေလို ချစ်ကြတဲ့သူတွေဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း အတူတူ ရိုက်ခဲ့ဖူးကြပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က