ထောင်ဒဏ်လျော့နည်းမယ်လို့ မျှော်လင့်နေကြပါတယ်။

မိုးအောင်ရင်ရဲ့ အမှုအတွက် အယူခံဝင်မှုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ(၈) ရက်နေ့မှ အပြီးသတ်ကြားနာသွားမယ်လို့ သိရပါတယ်။

Photo : မိုးအောင်ရင်

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုတွေနဲ့ ထောင်ဒဏ်(၁၇)နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၂၇) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံလျှောက်ထားခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ(၈) ရက်နေ့မှ အပြီးသတ်ကြားနာသွားမယ်လို့ သိရပါတယ်။

“၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၂၇) ရက်နေ့က အယူခံဝင်ခဲ့တဲ့ မိုးအောင်ရင်ရဲ့ အမှုကို ကျွန်တော်တို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ(၈) ရက်နေ့မှာ အပြီးသတ်ကြားနာသွားမှာပါ။ မိုးအောင်ရင်ရဲ့ အယူခံဝင်တဲ့ အမှတ်က ၁၈၁/ ၂၀၁၈ ပါ။ မိုးအောင်ရင်က တရားခံဆိုရင် နိုင်ငံတော်က တရားလိုအနေနဲ့ အမိန့်ချသွားမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပြန်ကြားရေးမှုးရှေ့နေ ဦးမိုးကျော်က Duwun Media သို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : မိုးအောင်ရင်

အယူခံဝင်ခြင်းနဲ့ ပတ်သက်လို့လည်း တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက Duwun Media သို့ ယခုလို ပြောပြခဲ့ပါသေးတယ်။

အယူခံဝင်တာက တိုင်းမှာဝင်ပြီးသွားရင် နေပြည်တော်မှာ ဝင်လို့ရတယ်။ နေပြည်တော်မှာဆိုရင် ပုဒ်မ ၁၉ ရှိတယ် ပုဒ်မ ၂၀ ရှိတယ်။ နေပြည်တော်မှာဆိုရင် နှစ်ခါဝင်လို့ရတယ်။ တိုင်းမှာဆိုရင် တစ်ခေါက်ပဲပေ့ါ။ တိုင်းက အမိန့်အပေါ် မကျေနပ်ဘူးဆိုရင် ဥပဒေအရ တရားခံဘက်က ဆက်တက်ရင် တက်လို့ရတယ်။ တိုင်းမှာဆိုရင် တစ်ကြိမ်ပဲရမယ် ။ နေပြည်တော်မှာ နှစ်ခါရမယ်။ အထူးအယူခံရယ် ရိုးရိုးအယူခံရယ်ဆိုပြီးရှိတယ် “လို့ ဆိုပါတယ်။

Photo : မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်ပါတယ်။ ထို့အတူ နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က