Super Wallpaper လေး မိုက်တယ်

Xiaomi ဟာ တရုတ်ဈေးကွက်မှာ ကျင်းပသွားတဲ့ Mi 10 Youth Edition ဖုန်းသစ် မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Android skin သစ်ကိုပါ ကြေညာခဲ့ပါတယ်။

MIUI 12 သစ်ဟာ ပိုပြီး ရှင်းသန့်လာတဲ့ UI၊ စုံလင်လှတဲ့ အထူးပြုလုပ်ချက် Animations တွေနဲ့ အရေးပါတဲ့ Privacy features တွေ ထည့်သွင်းလာပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက ကျန်းမာရေးအထောက်အကူပြု fitness features တွေပါ ထည့်သွင်းလာတာ ဖြစ်ပါတယ်။



(၁) Animations သစ်များ



MIUI12 မှာ system animation တိုင်းလိုလို အသစ်ပြန်ပြီး အဆင့်မြှင့်ထားတာပါ။ app အဖွင့်အပိတ် ၊ screen ထောင်လိုက်ကနေ အလျားလိုက် လှည့်တာနဲ့ အားသွင်းတာအထိ animation သစ်တွေနဲ့ ဝေဝေဆာဆာ ထည့်လာတာ ဖြစ်ပါတယ်။ animations သစ်တွေဟာ ပိုပြီး smooth ဖြစ်သလို ပိုပြီးလည်း ဆန်းသစ်လာတယ် ခံစားရစေမှာပါ။


(၂) ပိုရှင်းလင်းချောမွေ့လာတဲ့ UI


Photo: fossbytes

သိသာတဲ့ တစ်ချက်က MIUI 12 သစ်ရဲ့ interface ဟာ ပိုပြီး ရှင်းလင်းလာတာပါပဲ။ မတူညီတဲ့ စာတွေနဲ့ ပုံတွေအကြား နေရာပိုချဲထားသလို နောက်ခံကလည်း ပိုပြီး တောက်ပလာတဲ့ အဖြူရောင် background သုံးလာတာပါ။ အဆင့်မြှင့်လာတဲ့ Dark Mode 2.0 သစ်ဟာ system app ပေါင်း ၄၀ ကျော် support ပေးလာသလို third-party app တွေမှာလည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၃) Live Wallpapers နဲ့ Always-on Display(AOD)


Photo: en24


Xiaomi ဟာ Live wallpapers သစ်တွေနဲ့ ကမ္ဘာမြေ ၊ လနဲ့ အင်္ဂါဂြိုလ်ရှုခင်းတွေကနေ ကွန့်ထားတဲ့ AOD screen တွေ ထပ်ဖြည့်ထားပါတယ်။ wallpaper နဲ့ AOD သစ်တွေ ဖုန်းဖွင့်လိုက်ချိန်မှာ ဂြိုလ်ပြင်တွေရဲ့ အပေါ်ကနေ စီးကြည့်တဲ့ space view အတိုင်း အနီးကပ်ဆွဲပြထားတာပါ။ 3D Live ပုံစံ ဖြစ်ပြီး Super Wallpaper လို့လည်း နာမည်ပေးထားပါတယ်။


(၄) Privacy


Photo: xda-developers

MIUI 12 သစ်မှာ Flare ၊ Barbed Wire နဲ့ Mask System လို့ ခေါ်တဲ့ privacy feature သစ်တွေ ပါလာပါတယ်။ Flare feature ကတော့ ကိုယ့်ဖုန်းထဲက app တွေကနေ ယူတဲ့ အချက်အလက်နဲ့ ခွင့်ပြုတဲ့ permission အားလုံးရဲ့ log ကို သိမ်းထားတာပါ။ Mask System သစ်ဟာ အန္တရာယ်ရှိတဲ့ Untrusted app တွေကနေ ကိုယ့်ဖုန်းထဲက Call logs တွေ ၊ Contact တွေ စတဲ့ အရေးကြီး အချက်အလက်တွေ ယူလို့မရအောင် ကာကွယ်ပေးထားတာပါ။ 

Barbed Wired ကတော့ app က တောင်းတဲ့ သင့်ရဲ့ တည်နေရာ ၊ microphone နဲ့ camera access ပေးခွင့်တွေကို တစ်ကြိမ်ပဲ ခွင့်ပြုမလား၊ အမြဲတမ်းလား ဒါမှမဟုတ် reject လုပ်မလားလို့ မေးတာ ဖြစ်ပါတယ်။ဒီ privacy features တွေဟာ TUV Rheinland ကနေ လုပ်ဆောင်ထားတဲ့ Android Enhaced Privacy Protection Test အောင်ထားတဲ့ features တွေ ဖြစ်ပါတယ်။ 


(၅) AI Calling နဲ့ Fitness features




Xiaomi ဟာ MIUI 12 မှာ AI Calling feature တစ်ခု ထည့်ထားပါတယ်။ ဒီ feature သစ်ဟာ နားအကြားအာရုံချို့တဲ့သူများအတွက် အထူးဒီဇိုင်း ထုတ်ထားတာပါ။ တစ်ဖက်လူရဲ့ စကားသံကို စာသားအဖြစ် ပြောင်းပေးပြီး AI ကနေ ထုတ်ထားတဲ့ တုန့်ပြန်မှုတွေ ပေးဖို့လည်း လုပ်ဆောင်နိုင်တဲ့ feature ဖြစ်ပါတယ်။ Google ရဲ့ Screen Calling feature နဲ့ဆင်ပါတယ်။

Fitness feature အနေနဲ့ built in gyroscope ပါတာကြောင့် ခြေလှမ်းတွေတင် မဟုတ်ဘဲ တစ်နေ့လုံး ပြေးတာ ၊ လမ်းလျှောက်တာ ၊ စက်ဘီးစီး ၊ လှေကားတက် စတာတွေကို မှတ်သားတိုင်းတာပေးနိုင်မှာပါ။ Xiaomi ကတော့ ဒီ feature ဟာ Apple Watch လိုပဲ ၉၆% ခန့် တိကျမှု ရှိတယ်လို့ ဆိုပါတယ်။ ဒီ feature အပြင် နောက်ထပ် Built in Sleep tracker တစ်ခုလည်း ထပ်ထားပါတယ်။

MIUI 12 beta ဗားရှင်ကို ဧပြီ ၂၇ ရက်နေ့မှာ စတင် ဖြန့်ချိသွားမှာ ဖြစ်ပြီး MIUI 12 တင်နိုင်မယ့် ဖုန်းlist လည်း ထွက်ထားပါတယ်။ stable version ကတော့ ဇွန်လကုန်လောက်မှာ ရောက်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က