အောက်တိုဘာ ၁ ရက်နေ့ ဖြန့်ချိသွားမှာပါ

First-Person Shooter ဂိမ်းတွေထဲမှာ ကမ္ဘာကျော်တဲ့ Call of Duty ဟာ မိုဘိုင်းဗားရှင်းအဖြစ် Android နဲ့iOS ထုတ်ကုန်တွေအတွက် မိတ်ဆက်သွားတော့မှာပါ။

လာမယ့် အောက်တိုဘာ ၁ ရက်နေ့က စပြီး Call of Duty: Mobile ကို ဖြန့်ချိမယ်လို့ဒီဂိမ်းကို ထုတ်လုပ်တဲ့ Activision က ကြေညာပါတယ်။ Activision ရဲ့ ကြေညာချက်အရ Apple app နဲ့Google Play Stores တို့မှာ ဒီဂိမ်းကို နိုင်ငံအားလုံးအတွက် ဖြန့်ချိပေးသွားမှာ ဖြစ်ပြီး တရုတ် ၊ ဘယ်လ်ဂျီယံနဲ့ဗီယက်နမ်နိုင်ငံတို့တော့ မပါဘူးလို့ဆိုပါတယ်။



Call of Duty: Mobile ဟာ Tencent ပိုင် Timi Studio က ရေးဆွဲပြီး Activision ကနေ ထုတ်လုပ်ဖြန့်ချိတာ ဖြစ်ပါတယ်။ အခမဲ့ ကစားနိုင်မယ့် ဒီဂိမ်းဟာ Team Deathmatch ၊ Serach and Destroy နဲ့Free-For-All စတဲ့ multiplayer modes နဲ့ပလေယာပေါင်း ၁၀၀ အထိ ကစားနိုင်မယ့် Battle Royale mode တို့အပြင် open map သစ်တစ်ခုလည်း ပါရှိမယ်လို့Android Central သတင်းက ဆိုပါတယ်။

" ကျွန်တော်တို့အနေနဲ့လက်ဖဝါးထဲမှာတင် Call of Duty gameplay အမှတ်တံဆိပ်နဲ့သီးသန့်First-Person Action အတွေ့အကြုံတွေကို မိုဘိုင်းပေါ် ပေးသွားမှာပါ။ " လို့Activision ရဲ့ မိုဘိုင်း ဒုဥက္ကဌ ခရစ္စပလမ်မားက ဆိုပါတယ်။

Call of Duty: Mobile ဗားရှင်းမှာ Crash နဲ့Crossfire တို့လို Modern Warfare Maps များ ၊ Nuketown နဲ့Hijacked တို့လို Black Ops maps များ ပါဝင်မှာပါ။

Photo: mobilemodegaming

မိုုဘိုင်းဗားရှင်းမှာလည်း Solo တစ်ယောက်တည်းပဲ ဖြစ်ဖြစ် ၊ နှစ်ယောက်တွဲ Duo နဲ့လေးယောက်တွဲ Quad-Player ပုံစံနဲ့ကစားနိုင်မှာဖြစ်သလို ကုန်းမြေ ၊ ရေပြင်နဲ့ဝေဟင်ပေါ် သွားနိုင်မယ့် ဆိုင်ကယ် ၊ ဟယ်လီကော်ပတာနဲ့ဖောင်စတဲ့ ယာဉ်တွေလည်း သုံးနိုင်မှာပါ။ ဂိမ်းထဲမှာ First person အနေနဲ့လည်း ကစားနိုင်သလို အရန် Third person အဖြစ်လည်း ဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က