ဒီနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်းတွေ ၊ နည်းပညာအမြင့်ဆုံး ဖုန်းတွေကို မြင်ခဲ့ရသလို ၂၀၁၈ မှာ အရှုံးပြသွားတဲ့ စမတ်ဖုန်းတွေလည်း ရှိပါသေးတယ်။
(၁) RED Hydrogen One
Photo: androidguys
ကမ္ဘာကျော် ကမ္ဘာကုမ္ပဏီတစ်ခု ဖြစ်သလို ဟောလီဝုဒ်ဇာတ်ကားတွေ ရိုက်ကူးရာမှာ သုံးတဲ့ ဒစ်ဂျစ်တယ်ကင်မရာကုမ္ပဏီ RED ရဲ့ ပထမဆုံး လက်ရာ RED Hydrogen One ဟာ မျှော်လင့်ချက်အများကြီး အထားခံရတဲ့ စမတ်ဖုန်းတစ်လုံးပါ။ ဒီဖုန်းဟာ အန်းဒရိုက်ဖုန်းတွေထဲမှာ အထူးမျက်မှန်အကူအညီမပါဘဲ 3D အတွေ့အကြုံခံစားနိုင်မယ့် holographic phone တစ်လုံး ဖြစ်ပေမယ့် သူနဲ့တွဲသုံးနိုင်မယ့် app က လက်တစ်ဆုပ်စာပဲ ရှိသလို ဒီဖုန်းမှာ ပေးထားတဲ့ effect တွေ သုံးဖို့အတွက် အထူး 4V App Store တစ်ခု သုံးရတာကလည်း ပြဿနာပါ။
အဆုံးမတော့ ဒီဖုန်းရဲ့ ကင်မရာကလည်း ကြေငြာထားသလောက် မဟုတ်ခဲ့ဘဲ သမရိုးကျ ကင်မရာနဲ့လာတာရယ် ၊ ဒေါ်လာ ၁၀၀၀ / ၁၅၀၀ ကျော်တဲ့ ဈေးရယ်က Hydrogen One ကို fail ဖြစ်စေခဲ့တဲ့ အကြောင်းလို့ဆိုနိုင်ပါတယ်။
(၂) Palm Phone
Photo: BGR
လက်တစ်ဖဝါးစာတောင် မရှိတဲ့ ချစ်စရာအရုပ်ကလေးလို ဖြစ်နေတဲ့ Palm ဟာ နည်းပညာလောကမှာ အာရုံစိုက်ခံရတဲ့ ဖုန်း brand တစ်ခုပါ။ ၂၀၁၈ ဒုတိယနှစ်ဝက်မှာ Palm Phone ထွက်လာတော့ ပထမဆုံး ပြဿနာက ဈေးပါ။
ဒေါ်လာ ၃၅၀ ဈေးနဲ့ဝင်လာတာကို ကြည့်ရင် ဒီဖုန်းက mid-range ထဲမှာ ထည့်ရမယ့် ဖုန်းလို့ဆိုနိုင်ပါတယ်။ မျက်နှာပြင် ၃.၃ လက်မနဲ့ကင်မရာကလွဲရင်ဘာ sensor မှ များများစားစား မသုံးတဲ့ ဖုန်းပါ။ 800mAh ဘက်ထရီကလည်း အသုံးမခံသလို performance နဲ့ဖုန်းခေါ်ဆိုတဲ့ အရည်အသွေးကလည်း ညံ့တာကြောင့် ဒီနှစ်ရဲ့ အဆိုးဆုံး စမတ်ဖုန်း အရှုံးသမားတွေထဲမှာ ဒုတိယနေရာက ထားရမှာ ဖြစ်ပါတယ်။
(၃) Android 9 Pie ရဲ့ gestures
Photo: androidpolice
Google ရဲ့ နောက်ဆုံး OS အဖြစ် ထွက်လာတဲ့ Andorid 9 Pie ကိုလည်း Phone Arena က မိုဘိုင်းနည်းပညာလောကရဲ့ အရှုံးသမားများ စာရင်းမှာ ထည့်ထားပါတယ်။ အဓိကကတော့ ဆန်းသစ်မှု မရှိတဲ့ interface ကြောင့်ပါ။
Android 9 Pie ဟာ button နှစ်ခုကို သုံးပြီး swipe တို့tap တို့လုပ်ရတုန်းပဲ ဖြစ်သလို screen နေရာလွတ်အောင် လုပ်ထားတာမျိုး မရှိခဲ့ပါဘူး။
(၄) Samsung ရဲ့အလတ်တန်းစား ဖုန်းများ
Photo: extremetech.com
mid-range ဖုန်းဈေးကွက်တစ်ခုလုံးကို ကြည့်လိုက်ရင် Samsung က အရှုံးဆုံးလို့ပြောရမှာပါ။ သူနဲ့ပြိုင်ဘက် တရုတ်ကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi မှာ Pocophone သစ် ထွက်ခဲ့သလို လူကြိုက်လည်း များခဲ့ပါတယ်။
Samsung ရဲ့ mid-range series ဖြစ်တဲ့ A-series သစ်တွေမှာ အရင်နှစ်ကလိုမျိုး လေးစားလောက်တဲ့ feature တွေ ဖြစ်တဲ့ ရေစို/ဖုန်တင်ခံနှုန်းမရှိတာ ၊ ဒီဇိုင်းအရည်အသွေးပိုင်းနဲ့ဈေးတင်လွန်းတာတွေကလည်း A-series တွေကို လူကြိုက်နည်းစေတဲ့ အချက်ပါ။
နောက်ဆုံးထွက်ထားတဲ့ ကင်မရာ ၄ လုံးနဲ့Galaxy A9 ဖုန်းမှာလည်း သူနဲ့ပြိုင်ဘက်တွေ ဖြစ်တဲ့ Pocophone ၊ OnePlus နဲ့Honor ဖုန်းတွေနဲ့ယှဉ်ရင် မက်လောက်စရာ မရှိခဲ့ပါဘူး။
(၅) iPhone သစ်များ
ဈေးကြီးပြီး fast charger မပါတဲ့ ၂၀၁၈ မော်ဒယ် iPhone သစ်တွေကတော့ ဒီနှစ်ရဲ့ အရှုံးသမားစာရင်းမှာ မဖြစ်မနေ ဖော်ပြရမယ့် အချက်ပါ။ iPhone သစ်တွေ ရောင်းအားမကောင်းတဲ့ ပြဿနာထက် အရေးကြီးတာတစ်ခုက ဒီဖုန်းတွေမှာ သုံးထားတဲ့ 5W charger စနစ်ပါပဲ။
ဒီ charger က ဖုန်းတစ်လုံး အားအပြည့်ဝင်ဖို့အနည်းဆုံး ၃ နာရီနဲ့အထက် ကြာပါတယ်။ တရုတ်ဖုန်းတွေမှာတောင် အလွန်ဆုံး ၁ နာရီခွဲအားသွင်းရင် ဖုန်းအားပြည့်တာ များပါတယ်။
(၆) Essential Phone
Photo: TechTensity
အရင်နှစ်က စပြီး ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဖုန်းဖြစ်ပြီး ဒီနှစ်အထိ ရောင်းအားမကောင်းခဲ့တဲ့ ဖုန်းက Essential Phone ပါ။ Android 9 Pie ကို တစ်ခြားဖုန်းတွေ အရင် ရခဲ့သလို ဒီဇိုင်းနဲ့သုံးထားတဲ့ specs တွေက လေးစားစရာ ရှိပေမယ့် ဒီဖုန်းကတော့ ပြဿနာအထပ်ထပ်နဲ့ဈေးကွက်ထဲ ရောက်လာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ အခုတော့ ဒီဖုန်းကို ဒုတိယမျိုးဆက် ထပ်မထုတ်ဖို့ကုမ္ပဏီဘက်က စီစဉ်နေတယ်လို့သတင်းထွက်ထားပါတယ်။
Share