မန္တလေးတိုင်းဒေကြီး ၊မိုးကုတ်မြို့မှာ မိုးများပြီး မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် လူသေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
မိုးကုတ်က အိမ်အများစုက တောင်စောင်းတွေမှာတည်ဆောက်ထားတာဖြစ်ပြီး မနေ့ကညကစလို့ မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုပြီး အိမ်တွေပေါ်ပိခဲ့တာကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့တာပါ။
“ ဟုတ်ပါတယ်။ မိုးကအရမ်းရွာတော့ မိုးကုတ်မြို့နယ် ပိုးလန်ကျေးရွာမှာ တောင်စောင်းမြေတွေပြိုကျတာပါ။ အခုထိကျွန်တော်သိရသလောက် သေဆုံးသူ (၃)ဦးရှိတယ်ကြားတယ်။ အတိအကျမသိရသေးဘူ။ မြို့နယ်တာဝန်ရှိသူတွေ ၊ကြက်ခြေနီ ၊မီးသတ်တွေပေါင်းပြီး ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေလုပ်နေပါတယ်”လို့ မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းတင်က Duwun ကိုပြောပါတယ်။
မိုးကုတ်က နှစ်စဉ်နှစ်တိုင်း မိုးကြီးကာ မြေပြိုမှု အန္တာရာယ်ကို ကြုံတွေ့နေရပြီး နှစ်တိုင်း လူသေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေပြိုမှု ၊ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းရေလျှံတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဦးသောင်းတင်က ပြောပါတယ်။
မိုးကုတ်မြို့နယ်အတွင်းမှာက အခြေခံပြည်သူလူထုအနေနဲ့ အခုလိုတောင်စောင်းမြေနေရာတွေမှာ အိမ်လေးတွေဆောက်ပြီးနေကြသလို တချို့က ကျုးကျော်နေထိုင်တာတွေလည်းရှိတယ်လို့သိရပါတယ်။ မြေပြိုမှု အန္တရာယ်ကလည်း နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းတဲ့ အခါမှာဆို ဒီလိုအဖြစ်အပျက်မျိုးတွေကြောင့် လူသေဆုံးမှုတွေ နှစ်တိုင်းရှိနေတာလည်း ဖြစ်ပါတယ်။