စာစစ်တာဝန်ကျနေတဲ့ ကျောင်းဆရာတစ်ဦးနဲ့လည်း ထိတွေ့ထားပါတယ်။

မိုးမောက်က လူနာနံပါတ် (၂၄၉) က ရောဂါပိုးမတွေ့ရှိခင် သူငယ်ချင်းဖြစ်သူ ကျောင်းဆရာရဲ့နေအိမ်မှာ တည်းခိုနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ လူနာနံပါတ်(၂၄၉)နဲ့စပ်ဆက်ထိတွေ့ထားတဲ့ဦးရေ ၁၀၀၀ ကျော်လောက်ရှိတယ်လို့လည်း Duwun က သတင်းရရှိထားပါတယ်။ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာက မြစ်ကြီးနား စာစစ်ဌာနမှာ စာစစ်တာဝန်ကျနေပြီး လက်ရှိမှာေတော့ သူ့ကို Quarantine ထားရှိထားပြီလို့ဆိုပါတယ်။



“ လူနာက သူ့ရဲ့ ယောကျာ်းနဲ့အတူ ကျောင်းဆရာရဲ့ နေအိမ်မှာ တည်းခိုခဲ့ဖူးတယ်။ အဲဒီနောက်မှ သူ့မှာရောဂါပိုးရှိမှန်းသိတာဆိုတော့ သူတို့ထိတွေ့ထားသူထဲမှာ ကျောင်းဆရာလည်းပါတာပေါ့။ ကျောင်းဆရာက အခု မြစ်ကြီးနားမှာ စာစစ်တာဝန်ကျနေတာ။ သူ့ကို အသွားအလာကန့်သတ်လိုက်ပြီ။ ကျန်တဲ့ ဆရာ ၊ဆရာမတွေကိုလည်း ထိတွေ့နိုင်တာမို့ လိုအပ်တာတွေကို ညွှန်ကြားချက်အတိုင်းလုပ်ဆောင်သွားမှာပါ”လို့ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးသိန်းလွင်က Duwun ကိုပြောပါတယ်။

လူနာနံပါတ် (၂၄၉)က လွယ်ဂျယ်ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး ပြည်ပက ပြန်လာလို့ Quarantine ဝင်ရောက်နေတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေသူတစ်ဦးပါ။ သူနဲ့ထိတွေ့ထားသူ ဦးရေက တစ်သောင်းဝန်းကျင်ခန့်ရှိကြောင်း သတင်းတွေပျံ့နှံ့မှုတွေရှိနေပေမယ့် တကယ်တမ်း ထိတွေ့ထားသူက ၁၀၀၀ ဝန်းကျင်လောက်ပဲရှိပါတယ်လို့ ဦးသိန်းလွင်ကပြောပါတယ်။

ပညာရေးဝန်ထမ်းတစ်ဦးနဲ့ ထိတွေ့မှုရှိထားတဲ့အတွက် မြစ်ကြီးနားမှာ တာဝန်ကျနေတဲ့ စာစစ်ဆရာ၊ဆရာမတွေကို ဆောင်ရွက်သွားမယ့် ကိစ္စနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ ဖြေကြားနိုင်ခဲ့ခြင်းမရှိသေးပါဘူး။ လူနာ နံပါတ် (၂၄၉)က ကလေးငယ်အပါအဝင် မိသားစု (၃)ဦးရှိပြီး သူ့ရဲ့မိသားစုနဲ့ ထိတွေ့ထားသူ ဆက်စပ်မိသလောက်ကိုတော့ Quarantine ထားရှိထားတယ်လို့သိရပါတယ်။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က