ကနဦး (၃၃)ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

မိုးမောက်က လူနာ နံပါတ် (၂၄၉)နဲ့ ထိတွေ့ခဲ့တဲ့ ကျောင်းဆရာနဲ့ သူ့ရဲ့ အခန်းဖော်ကို COVID 19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ 



အဆိုပါ ကျောင်းဆရာက မြစ်ကြီးနား တက္ကသိုလ်စာစစ်ဌာနမှာ တာဝန်ကျနေတာကြောင့် သူနဲ့အတူ အခန်းဖော်ဆရာတစ်ဦးတို့ကို Hospital Quarantine ထားရှိထားပြီး ရောဂါပိုးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ ဆရာနှစ်ဦးကို Hospital Quarantineထားရှိခဲ့သလို မြစ်ကြီးနားတက္ကသိုလ်မှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမ (၈၁)ဦးကိုလည်း နေအိမ်အဆောင်တွေမှာဘဲ အသွားအလာကန့်သတ်ခဲ့တာပါ။

“ အခု ဆရာနှစ်ဦးလုံးမှာ ရောဂါပိုးမတွေ့ရှိဘူးဆိုတော့ ကျန်တဲ့ဆရာ၊ ဆရာမတွေကတော့ နေရပ်တွေကို ပြန်လွှတ်လိုက်ပါပြီ။ စာစစ်ကဏ္ဍကလည်း အားလုံးပြီးသွားပြီဆိုတော့လေ။ ဆရာနှစ်ဦးရဲ့ဓာတ်ခွဲအဖြေမသိရသေးတဲ့ အချိန်ထိ ကျန်တဲ့ ဆရာ၊ဆရာမတွေကိုလည်း အဆောင်မှာပဲ အသွားအလာတွေကန့်သတ်ခဲ့တာပါ။ အခုပြန်သွားကြပေမယ့် သူတို့သက်ဆိုင်ရာမြို့နယ်တွေရောက်မှ Quarantine ထပ်ဝင်ရမလားဆိုတာကတော့ မြို့နယ်တွေက ဆောင်ရွက်ပါလိမ့်မယ်” လို့ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခ ဒေါက်တာအောင်ဝင်းက Duwun ကိုပြောပါတယ်။ 

Hospital Quarantine ထားရှိထားတဲ့ ကျောင်းဆရာနှစ်ဦးကတော့ (၂၁)ရက်ပြည့်အောင် ဆေးရုံမှာပဲ ဆက်လက်နေရအုံးမယ်လို့ သိရပါတယ်။ 

ကနဦး သတင်းတွေအရ လူနာ နံပါတ် (၂၄၉)နဲ့ ထိတွေ့ထားသူ (၁၀၀၀)ကျော်ရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး တကယ်တမ်းထိတွေ့ခဲ့သူ (၁၃၇)ဦးသာရှိရာ အဲဒီထဲက (၃၃)ဦးကို ဓာတ်ခွဲစစ်ဆေးပြီးရာမှာတော့ တစ်ဦးမှ ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

လူနာနံပါတ် (၂၄၉)က အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိဘဲ ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးခဲ့ရာကနေ ရောဂါကူးစက်ခံရတာပါ။

လူနာနံပါတ် (၂၄၉)ရဲ့ ရောဂါပိုးကူးစက်ခံရမှု အကြောင်းအရင်းကိုတော့ ယနေ့ထိမသိရှိရသေးဘဲ သူနဲ့ ထိတွေ့ခဲ့သူကိုလည်း ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဖို့ ကျန်ရှိနေပါသေးတယ်။








ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က