မြို့ပတ်ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထား အောက်မြန်မာပြည်ကနေ သိရပါတယ်။
လက်ရှိမှာ အွန်လိုင်းကတဆင့်ရောင်းချနိုင်ဖို့ စတင်ဆောင်ရွက်နေပြီး အင်တာနက်စနစ်ကောင်းမွန်ဖို့ ၊ ရထားတွဲတွေမှာ ခုံအရေအတွက် တစ်ပုံစံတည်းဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာ့မီးရထားအောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောပါတယ်။
ဖေဖော်ဝါရီလ (၄) ရက်က ကျင်းပတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
“ ကျွန်တော်တို့ဘူတာတိုင်းမှာ အင်တာနက်တောက်လျှောက်ရနေမှ အဆင်ပြေမှာ။ ခုံအရေအတွက်လည်း တစ်ပုံစံတည်းဖြစ်ဖို့လိုတယ်။ အွန်လိုင်းကနေ ရောင်းချနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးကလည်း တိုက်တွန်းထားပြီး ကျွန်တော်တို့လည်းလုပ်နေပါတယ်။ အဓိကကတော့ နည်းပညာထောက်ပံ့မှုလိုအပ်တယ်။လျှပ်စစ်နဲ့ အင်တာနက်လိုတယ်။ အဲဒါတွေ ဖြစ်လာရင်တော့ ကျွန်တော်တို့ဘက်ကအဆင့်သင့်ပါပဲ။” လို့ ဦးအောင်သူလတ်က ဆိုပါတယ်။
ရထားလက်မှတ်တွေကို ဘူတာရုံမှာဝယ်ယူတဲ့စနစ်၊ အွန်လိုင်းကတဆင့်ဝယ်ယူတဲ့စနစ် အဆိုပါ စနစ် (၂) မျိုးလုံး အသုံးပြုနိုင်အောင်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။
“ အွန်လိုင်းကနေ မဟုတ်ဘဲ အပြင်မှာ လက်မှတ်ဝယ်ယူချင်တဲ့သူကို ကွန်ပျူတာစနစ်နဲ့ ရောင်းချမှာဖြစ်တယ်။ “ လို့ မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောပါတယ်။
အွန်လိုင်းနဲ့ ရောင်းချတဲ့စနစ်ကို ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အပြင် ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွေအတွက်ပါ ရောင်းချနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ရောင်းချနိုင်ဖို့ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့ပါတယ်။
မြို့ပတ်ရထားလက်မှတ်ကို အွန်လိုင်းကနေ ရောင်းချမည်
မြို့ပတ်ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထား အောက်မြန်မာပြည်ကနေ သိရပါတယ်။
အွန်လိုင်းကတဆင့်ရောင်းချနိုင်ဖို့အတွက် လက်ရှိမှာ စတင်ဆောင်ရွက်နေပြီး အင်တာနက်စနစ်ကောင်းမွန်ဖို့ လိုအပ်ပြီး ရထားတွဲတွေမှာ ခုံအရေအတွက် တစ်ပုံစံတည်းဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာ့မီးရထားအောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောပါတယ်။

Share