ညစာလည်း အတူတူစားခဲ့ကြတယ်တဲ့။

သားရှင်ဖြစ်တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံဟာ သမီးရှင်ဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ စုံတွဲနဲ့ တွေ့ဆုံပြီး ညစာအတူတူ စားခဲ့ကြပါတယ်။ ရင်သွေးလေးတွေအကြောင်း ပြောရင်း ပီတိလေးတွေ ဖြာနေမှာ အမှန်ပါပဲ။

Photo : နန်းမြတ်ဖြိုးသင်း



နန်းမြတ်ဖြိုးသင်းနဲ့ စန္ဒီမြင့်လွင်တို့နှစ်ဦးဟာ လက်ရှိမှာ ရင်သွေးလေးတွေ လွယ်ထားကြတဲ့ မိခင်လောင်းတွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံက ဖေဖော်ဝါရီ(၈) ရက်နေ့ညက စန္ဒီမြင့်လွင်တို့ စုံတွဲနဲ့တွေ့ဆုံကာ ညစာအတူတူစားခဲ့ကြပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အဲ့ဒီတွေ့ဆုံမှုလေးကို သမီးရှင်လေးနဲ့ ကြိုတွေ့ထားတာဆိုပြီး ဖေဖော်ဝါရီ(၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ သားရှင်နဲ့ သမီးရှင်တို့ တွေ့ဆုံပြီး ညစာအတူတူစားကာ စကားတွေ အများကြီး ပြောခဲ့ကြသလို ရင်သွေးလေးအကြောင်း ပြောရင်း ပီတိလေးတွေ ဖြာနေမှာ အမှန်ပါပဲ။

Photo : နန်းမြတ်ဖြိုးသင်း

ရင်သွေးလေးတွေ လွယ်ထားရတဲ့ သူတို့နှစ်ဦးဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို ခဏနားထားတယ်လို့ သိရပါတယ်။နန်းမြတ်ရဲ့ ကိုယ်ဝန်ကတော့ (၆)လကျော်ထဲကို ရောက်နေပြီဖြစ်ပြီး သူမလိုချင်တဲ့ သားလေးကို လွယ်ထားရတာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်ကတော့ လေးလနီးပါး ရှိနေပြီဖြစ်ပြီး သူမလိုချင်တဲ့ သမီးလေးကို လွယ်ထားရတာပါ။

Photo : နန်းမြတ်ဖြိုးသင်း

နန်းမြတ်က လက်ရှိမှာ သားသားကိုယ်ဝန်လေးနဲ့အတူ ခရီးတွေ ထွက်ဖြစ်နေတာလည်း တွေ့ရပါတယ်။ ထူးထူးခြားခြားတော့ သားလေးကိုယ်ဝန်လွယ်ထားပြီးနောက်ပိုင်း ကမ်းခြေခရီးတွေပဲ ဆက်တိုက်သွားဖြစ်နေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောဖူးပါတယ်။

’သားသားလေးက နဂါးလေးများလားကွယ်။ နှစ်လအတွင်းငပလီကို ၃ ကြိမ်ရောက်တယ်။ ပင်လယ်မြင်ရရင်ကို စိတ်ထဲကျေနပ်ကြည်နူးနေတာမွေးပြီး ခရီးသွားလို့ရတာနဲ့ ပင်လယ်သွားမယ် စိတ်ကူးထားတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo : နန်းမြတ်ဖြိုးသင်း

နန်းမြတ်က သားလေးကို ချစ်စနိုးနဲ့ Jack Jack လို့ နာမည်ပေးထားတာတွေ့ရပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ သားဦးလေးကို ဧပြီလထဲတွင် မွေးဖွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေ ခဏရပ်နားထားတဲ့ နန်းမြတ်ဖြိုးသင်းက ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဖြစ်နေသလို ကျန်းမာရေးကောင်းမွန်အောင် နေထိုင်နေတယ်လို့ ဆိုပါတယ်။

သားဦးလေးမွေးပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့လည်း ဇန်နဝါရီ(၁) ရက်နေ့ ပြုလုပ်တဲ့ ပိုင်ဖြိုးသုရဲ့ မင်္ဂလာပွဲမှာ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း(Nann Myat Phyo Thin)ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က