သံမဏိနှင်းဆီ အပတ်စဉ်ထုတ် ဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုအတွက် တရားခံဖြစ်သူ အောင်ကိုကိုနဲ့ ပါဝင်ကူညီသူ ပြည့်သူနိုင်တို့ကို ထောင်ဒဏ် နှစ် ၂၀ စီကျခံဖို့အတွက် အရှေ့ပိုင်းခရိုင် တရားရုံးကနေ ဒီဇင်ဘာ ၂၇ ရက်နေ့က အမိန့်ချခဲ့ပါတယ်။
အယ်နီဆိုတဲ့ အမျိုးသမီးကတော့ အမှုမှာ ပါဝင်တဲ့သူတွေကို သိပေမယ့် သတင်းမပေးဘဲ ပျက်ကွက်စေမှုကြောင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်တယ်လို့ တရားရုံးမှာ ရောက်ရှိနေတဲ့ သတင်းထောက်တစ်ဦးက Duwun ကိုပြောပါတယ်။
သေဆုံးသူ ကိုဝေယံဟိန်းဟာ ၂၀၁၇ ခုနှစ် ဧပြီလက ဖေ့စ်ဘုတ်က တွေ့ရှိသူ မအယ်နီဆိုသူ အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦးနဲ့ ချစ်ကြိုက် ခဲ့ရာကနေ သူ့ရဲ့ အမျိုးသားဖြစ်သူ အောင်ကိုကိုက ဓားဖြင့်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
ဧပြီ (၁၄) ရက်နေ့မှာ ကိုဝေယံဟိန်းက အောင်ကိုကိုဆီ ဖုန်းနဲ့ဆက် သွယ်ပြီး အောင်ကိုကိုရဲ့ ဇနီးနဲ့ သား ဖြစ်သူကို ဒဂုံဧရာအဝေးပြေး ဂိတ်တွင် တွေ့ရှိကြောင်းနဲ့ အကြောင်းစုံသိလိုရင် သူနေထိုင်တဲ့ သံမဏိ နှင်းဆီ ဂျာနယ်တိုက်ကို လာရောက်ဖို့ ချိန်းခဲ့ရာကနေ ရောက်ရှိလာပြီး စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဧပြီ (၁၅) ရက်နေ့မှာ သူ့ရဲ့မိဘတွေနေထိုင်တဲ့ ပြင်ဦးလွင်မြို့ ငါးရံ့ေ ချာင်း ကျေးရွာကို ထွက်ပြေးတိမ်းရှောင် သွားပြီး ဧပြီ (၁၉) ရက်နေ့မှာတော့ အာင်ကိုကိုနဲ့ ဇနီးဖြစ်သူ မအယ်နီ တို့ကို ဖမ်းဆီးရမိပြီး အားပေး ကူညီသူ ပြည့်သူနိုင်ကို ဧပြီ(၂၂)ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။