အမေ့အပြုံး၊ အဖေ့အပြုံးတွေက ။

တိုင်ရွန်က သူဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခွင့်ရတဲ့ ပီတိတွေကို ပြောပြလာပါတယ်။ ဒီအလုပ်နဲ့ပဲ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: တိုင်ရွန်



သရုပ်ဆောင် တိုင်ရွန်က အနုပညာအလုပ်နဲ့ မိဘနှစ်ပါးကို လုပ်ကျွေးခွင့်ရတဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ မိဘတွေရဲ့ အပြုံးက သူ့ကို အင်အားဖြစ်စေတဲ့အကြောင်း ရင်ဖွင့်ပြောပြထားပါသေးတယ်။

‘’ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ကြိုးစားခဲ့ ရင်း အသက် 25 မှာ မိဘနှစ်ပါးကို ပုခုံးပေါ်တင်ထားနိုင်ခဲ့ပြီ။ အမေအပြုံး၊ အဖေ့အပြုံးက သားချွေးကို တိတ်စေတယ်ဗျာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီ ၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ တိုင်ရွန်က ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ဆိုရင် အသက် ၂၆ နှစ်ပြည့်ပါပြီ

Photo: Y Photo

တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင်မတတ်တာလည်း ပါ ပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။

Photo: တိုင်ရွန်

တိုင်ရွန်ဟာ မကြာခဏဝေဖန်တိုက်ခိုက်ခံရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူ့အနေနဲ့ တချို့အကြောင်းအရာတွေမှာဆိုရင် ပြန်လည်ဖြေရှင်းခဲ့တာမျိုးတွေရှိတဲ့အတွက် မရင့်ကျက်ခဲ့မိဘူးလို့ ဆိုပါတယ်။

''အနေအထိုင်မတတ်ဘူးဆိုတာကလည်း ကျွန်တော်ကိုယ်တိုင် မရင့်ကျက်တာပေါ့၊တချို့ကိစ္စတွေကို ပြန်ရှင်းပြမိတယ်၊ တချို့ကိစ္စတွေမှာလည်း ရိုင်းရိုင်းစိုင်းစိုင်းလေး ပြန်ပြောမိတာမျိုးရှိတယ်။ ဒါက အနေအထိုင်မတတ်တာလို့လည်း ပြောလို့ရတယ်။ သွားပြီးတော့ အဖက်လုပ်မိနေတာက ကျွန်တော် အနေအထိုင်မတတ်တာပါ'' လို့ သူကဆိုပါတယ်။


Photo: တိုင်ရွန်

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က