စည်ဖြိုးဟာ မွေးနေ့မှာ မိဘနှစ်ပါးကို ကန်တော့ခဲ့ပေမယ့် သူ့ရဲ့ အဘွားကိုလည်း မေ့ထားလို့ မရဘူးဆိုတာကြောင့် အနုပညာ ကြေးထဲက ငွေကြေးနဲ့ သွားရောက် ကန်တော့ခဲ့ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း အလင်းထဲကလူ ဆိုတဲ့ ရုပ်ရှင် ဇာတ် ကားကြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။
Photo: Si Phyo Facebook
သရုပ်ဆောင် စည်ဖြိုးက မွေးနေ့မှာ သူရရှိထားတဲ့ အနုပညာကြေးထဲက ငွေကြေးတွေနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့ပါတယ်။ အဲ့ဒီနောက် စက်တင်ဘာလ ၅ ရက်နေ့ မှာလည်း အဘွားဖြစ်သူကို သွားရောက် ကန်တော့ခဲ့ပါသေးတယ်။
''မွေးနေ့မှာအမေ့ကိုပထမဆုံးသတိရသလိုအဖွားကိုလည်းလုံးဝမေ့ထားလို့မရပါဘူး'' ဆိုပြီးတော့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အဖွားကို အနုပညာကြေးက ရတဲ့ ငွေနဲ့ ကန်တော့နေပုံတွေကို တင်ခဲ့တာဖြစ်ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကလည်း သာဓု ခေါ်ခဲ့ပါတယ်။
Photo: Si Phyo Facebook
ဦးမန်းဝင်း ကျန်းမာရေးအတွက်ထောက်ပံ့ငွေလှူဒါန်းခဲ့တဲ့ စည်ဖြိုး
စည်ဖြိုးဟာ စက်တင်ဘာလ ၄ ရက်နေ့ တုန်းက မွေးနေ့ ကျရောက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဆိုးခဲ့တဲ့ အချိန်မှာ လက်ဖျားနဲ့တောင်မထိခဲ့ပဲ အကျိုးအကြောင်းနိယာမ တွေနဲ့ တရားရေအေးတိုက်ကျွေးရင်း ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးတွေကိုလည်း ပြောပြခဲ့ပါ သေးတယ်။
"လူ့လောကထဲ အသက်လုခေါ်ဆောင်ပေးခဲ့ပြီး စည်ဖြိုးဆိုတဲ့ ဒီရုပ်နာမ်ကိုပြုစုပျိုးထောင်ပေးခဲ့တယ်။ အမှားတွေကို အတွေ့ကြုံအဖြစ် သင် ခန်းစာ အကြိမ်ကြိမ် ယူခဲ့တဲ့အချိန်တွေမှာ လည်း သားဆိုးသမီးဆိုးပစ် ရိုးထုံးစံမရှိတဲ့အတိုင်း ညီအကိုနှစ်ယောက် လုံးမလိမ္မာ အခါခါ မိုက်ခဲ့ ကြတုန်းက လက်ဖျားနဲ့တောင်မထိခဲ့ပဲ အကြောင်းအကျိုးနိယာမတွေနဲ့ တရားရေအေးတိုက် ကျွေးရင်း တစ်ချိန်က ဆန်ကုန်မြေလေး ကို ပြုပြင်ပြောင်းလဲပေးခဲ့တယ်" ဆိုပြီး စက်တင်ဘာ(၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
Photo: Si Phyo Facebook
စည်ဖြိုးဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု ပြုုလုပ်နေပေမယ့်လည်း ဇာတ်လမ်းလေးတွေကို ရွေးချယ်ရိုက်ကူးလျက်ရှိပါတယ်။ လက်ရှိမှာ လည်း "အလင်းထဲကလူ "အက်ရှင်ဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့သော လပိုင်း လောက်ကလည်း ဒါရိုက်တာ စတီးရိုက်ကူးခဲ့တဲ့ ""နိုင်ငံကြီးသား" ရုပ်ရှင်ဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
နိုင်ငံကြီးသားဇာတ်ကားထဲမှာ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီးနဲ့ အောန်ဆိုင်းတို့က အဓိက ပါဝင်မှာ ဖြစ်ပါတယ်။