မကြာခင်မှာ အသက် ၅၅ နှစ်ပြည့်တော့မှာပါ။

အောင်ရင်က သမီးငယ်လေး လုပ်ပေးတဲ့ မွေးနေ့အကြို Surprise ကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ သူကတော့ လက်ရှိမှာ နိုင်ငံခြား ဖျော်ဖြေရေး ခရီးစဉ်တွေ သွားနေရသူပါ။

Photo: Aung Yin

အဆိုတော် အောင်ရင်ကတော့ ဇွန်လ ၂၈ ရက်နေ့ ဆိုရင် အသက် ၅၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဇွန်လ ၂၄ ရက်နေ့မှာတော့ သမီးငယ်လေးက မွေးနေ့အကြိုလေး လုပ်ပေးခဲ့လို့ ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

‘’Pre Birthday @ San Francisco ကျွန်တော့်မွေးနေ့က June 28 မှပါ၊ အဲဒီရက်မှာသီချင်းဆိုဖို့ Indianapolis မှာရောက်နေမှာမို့ သမီးကစီစဉ်ပေးတဲ့မွေးနေ့အကြိုပွဲ’’ ဆိုပြီးတော့ မိသားစု ပျောပျော်ပါးပါးရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံတွေနဲ့ အတူ ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူ မိုးအောင်ရင်ကတော့ ရန်ကုန်မှာပဲ နေထိုင်တာ တွေ့ရပါတယ်။

Photo: Aung Yin

အောင်ရင်ဟာ ဆန်ဖရန်စစ္စကိုမှာ ဖျော်ဖြေပွဲ အတွက် ရောက်ရှိနေတာပါ။ ဒါကြောင့် သမီးငယ်နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုက ဖျော်ဖြေပွဲမှာတော့ အောင်ရင်နဲ့အတူ အိမ့်ချစ်၊ Jewel၊ ဇွဲပြည့်တို့ပါဝင်တယ်လို့ သိရပါတယ်။ အောင်ရင်က လက်ရှိမှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေဆဲ ပါပဲ။ သူရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ တေးသီချင်းကတော့ ‘’ဒီရက်ပိုင်း’’ လို့ အမည်ရပါတယ်။

Photo: Aung Yin

အောင်ရင်ရဲ့ ဂီတသက်တမ်းကတော့ နှစ်ပေါင်း ၄၀ နီးပါးရှိပြီဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တော်အခွေ ၁၅ ခွေ ထွက်ရှိပြီးသား အဆိုတော် တစ်ယောက်ပါ။ အရပ်မြင့်မြင့်အသားဖြူဖြူ ခပ်ချောချောဆိုတော့ တစ်ခေတ်တစ်ခါက မိန်းကလေးတွေရဲ့ အချစ်ကို အများကြီး ပိုင်ဆိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့တာပါ။

အောင်ရင်ဟာမြန်မာနိုင်ငံအလည်အပတ်ရောက်ရှိခဲ့စဉ်က ၂၀၁၆ခုနှစ် အောက်တိုဘာ(၂၂) ရက်နေ့ကလည်း သူ့ရဲ့ "Aung Yin 32" ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာလည်း Single Song တွေ အများကြီး ထွက်ရှိခဲ့တာပါ။ သူဟာ သားတစ်ယောက် သမီး တစ်ယောက်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ သားဖြစ်သူ မိုးအောင်ရင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရရှိနေသူ တစ်ယောက်ပါ။ 

Share

က္က