သရုပ်ဆောင် အဆိုတော် ဆန်းသစ်လက ချစ်သူနဲ့အတူ Pre Wedding ဓာတ်ပုံတွေတောင် ရိုက်ကူးနေပါပြီ။ မကြာခင်မှာ ချစ်ပရိသတ်တွေ သူမရဲ့ မင်္ဂလာသတင်းကို ကြားရတော့မှာပါ။
Photo : Panda Min Studio
သရုပ်ဆောင် အဆိုတော် ဆန်းသစ်လက ချစ်သူနဲ့အတူ မန္တလေးမှာ Pre Wedding ဓာတ်ပုံတွေ ရိုု်က်နေတာ တွေ့ရပါတယ်။ “အင်းဝ”မြို့လေးကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ သူမရဲ့ Pre Wedding ဓာတ်ပုံလေးတွေကို ဒီနေ့(ဇန်နဝါရီ၂၇ရက်)မှာ ဆန်းသစ်လရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ နောက်ထပ်လည်း Pre Wedding ဓာတ်ပုံလေးတွေ အများကြီး လာဦးမှာနော်ဆိုပြီး ပရိသတ်တွေနဲ့ သူငယ်ချင်းတွေကို အသိပေးထားပါသေးတယ်။
Photo : Panda Min Studio
Pre Wedding ဓာတ်ပုံလေးတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ ဆန်းသစ်လရဲ့ မင်္ဂလာသတင်းကိုလည်း မကြာခင် ပရိသတ်တွေ ကြားရတော့မှာ ဖြစ်ပါတယ်။ ဆန်းသစ်လနဲ့ ချစ်သူကောင်လေးတို့က ချစ်သူသက်တမ်း(၂)နှစ်ကျော် (၃)နှစ်ထဲမှာ ရောက်လို့နေပါတယ်။ ဒီချစ်သူက သူ့အတွက် ဖူးစာမှန်တဲ့ လူလည်းဖြစ်သလို နားလည်မှုအပြည့်ပေးတဲ့ ချစ်သူလို့လည်း Duwun media ကနေပြောပြခဲ့ပါတယ်။
'' အချစ်ရေးလေးကတော့ အေးအေးဆေးဆေးပဲ၊ ရွှေလတို့ ချစ်သူသက်တမ်းကလည်း ၂ နှစ်ကျော်သွားပြီ။ ကိုယ်တွေ မျှော်မှန်းထားတာ၊ ရည်ရွယ်ထားတာလေးတွေရှိတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ကတော့ ကြိုးစားနေဆဲပေါ့နော်။ အဲ့ဒီတော့ နှစ်ယောက်အတွက်က အေးအေးဆေးဆေးပဲ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ရှိတယ်၊ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ပေးထားတယ်'' လို့ ဆိုပါတယ်။
Photo : Panda Min Studio
ချစ်သူသက်တမ်း ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ကိုဝင်းမြတ်နဲ့ အဆိုတော်မလေး ဆန်းသစ်လတို့ရဲ့ မင်္ဂလာသတင်းကိုတော့ သေချာပြီဆိုရင် ပရိသတ်တွေကို အမြန်ဆုံး သတင်းပေးသွားမယ်လို့ ဆိုပါတယ်။ ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။
ဆန်းသစ်လဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်းသစ်လက သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေ လည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။