ခင်ဝင့်ဝါကတော့ မိန်းမဆန်ဆန်နေတတ်ဖို့ မိတ်ကပ် မထက်ဆီကနေ လေ့လာရမယ်လို့ ဆိုပါတယ်။ သူမက မိန်းမ မဆန်သလောက် မထက်ကတော့ မိန်းမအရမ်းဆန်လို့ ငေးကြည့်နေရလောက်အောင်ပါပဲတဲ့။
Photo: Khin Wint Wah
ခင်ဝင့်ဝါ တစ်ယောက် မထက်(Pop Soul) ရဲ့ မိန်းမဆန်မှုတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မိန်းမဆန်တတ်ဖို့ သတိရသွားပါတယ်တဲ့။ မထက်(pop soul) လောက်တောင် မိန်းကလေးမဆန်တဲ့ သူမအကြောင်းကို Duwun Media ကနေ ပြောပြလာပါတယ်။
‘’ မထက်ကလေ ညီမထက်ကို ပိုပြီးတော့ မိန်းမဆန်တယ်။ တစ်ခါတလေကျရင် ညီမတောင်မှ လမ်းလျှောက်တာတွေဆိုရင် နည်းနည်းလေး ကျားနေသေးတယ်။ တစ်ခါတလေ သူ Snap ရိုက်လို့ရှိရင်လည်း မိန်းကလေး လိုမျိုးလေး နေတတ်တယ်။ ကိုယ်က သူ့ကိုကြည့်ပြီးတော့ ဟယ်..နေတတ်လိုက်တာ။ လုပ်တတ်လိုက်တာ ဆိုတာကြီးကို ပြန်ပြီးတော့ ငေးကြည့်နေရတယ်။ ငါက မိန်းမဆန်အောင် ပိုနေရမယ်ဆိုတဲ့ စိတ်တော့ ရှိလာတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Khin Wint Wah
ခင်ဝင့်ဝါရဲ့ ယောကျ်ားဆန်မှုဟာ အထက်မှာ အစ်ကိုဖြစ်သူရှိနေတာကြောင့်လည်းပါတယ်လို့ ဆိုပါတယ်။ ယောကျ်ားဆန်တဲ့ စိတ်ကတော့ သူမ ငယ်ငယ်ကတည်းက ဖြစ်လာတဲ့ စိတ်ပါလို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။
‘’ ညီမ စိတ်ကလေ အရမ်းမြန်တယ်။ အဲဒါကြောင့်လည်း ယောကျ်ားလေးဆန်ကောင်း ဆန်လိမ့်မယ်ပေါ့နော်။ ဒါပေမယ့်လည်း အလုပ်က သင်သွားတာပါပဲ။ အထက်မှာ အစ်ကိုရှိတော့ အစ်ကိုက စွပ်ကြယ်နဲ့ ဘောင်းဘီနဲ့ဆိုရင်လည်း ကိုယ်က အဲဒီလို လိုက်ဝတ်တယ်၊ ဘောလုံးကန်ရင်လည်း လိုက်ကန်တယ်။ အိမ်မှာဆိုလည်း ကိုယ့်ကိုယ်ကိုယ် သားကလေပဲ ပြောနေတာ။ နှုတ်ကျိုးလေးတဲ့ စကားတစ်ခွန်းက အလုပ်ကိစ္စ စကားပြောရင် သမီးကလေ လို့ မနည်းပြင်ပြီးပြောနေရတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့က ချာလီရဲ့ အကျႌBrand အသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
Photo: Khin Wint Wah
ကိုယ့်ကိုယ်ကိုယ် သား လို့ ခေါ်တတ်တဲ့ အကျင့်ကတော့ သာမန် မိန်းကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခင်ဝင့်ဝါက အလုပ်လုပ်တဲ့အခါကျရင်တော့ သမီး ဆိုပြီးတော့ ကြိုးကြိုးစားစားနဲ့ပြောင်းလဲခေါ်ဝေါ်ဖြစ်တယ်လို့ ဆိုပါတယ်။
‘’ ကိုယ်က နှုတ်ကျိုးနေကြ စကား ဖြစ်နေတော့ အပြင်လုပ်တွေနဲ့ တွေ့တဲ့အခါတွေဆိုရင်၊ ရတယ် ရတယ် သားလုပ်လိုက်မယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါဆိုရင်သူတို့က ဟဲ့ ဘယ်က သားလဲ မေးကြရော ။ အဲဒီအခါမှ မဟုတ်ဘူး သမီး လုပ်လိုက်မယ် ဆိုပြီးတော့ ပြန်ပြောရတယ်။ ကိုယ့်နေပုံထိုင်ပုံနဲ့ကလည်း ထူးထူးခြားခြားတော့ မဖြစ်လောက်ပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Khin Wint Wah
ခင်ဝင့်ဝါ(Khin Wint Wah)ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
Share