အေးချမ်းလိုက်တာ။

အောင်ရင်က သားဖြစ်သူ မိုးအောင်ရင် ဆွမ်းခံကြွနေတဲ့ ပုံလေးတွေကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်နေတာပါ။ မိုးအောင်ရင်ရဲ့ ဘွဲ့နာမည်က မေဃဇယ ပါတဲ့။

Photo : အောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ဟာ မေလ(၁၂) ရက်နေ့က သာသနာ့ဘောင်ထဲ ဝင်ခဲ့တာပါ။ ဒီနေ့မှာလည်း ရပ်ကွက်ထဲသို့ ကိုယ်တိုင် ဆွမ်းခံကြွနေတာ တွေ့ရပါတယ်။ အောင်ရင်ကတော့ သားဖြစ်သူ ဦးပဇင်း ဆွမ်းခံကြွနေတဲ့ ပုံလေးတွေကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

ဦးပဇင်း မေဃဇယ ဆွမ်းခံကြွတဲ့ပုံလေးတွေ တွေ့ရတော့ ခမည်းတော်၊ မယ်တော်နဲ့ ညီမတော်တို့ ဝမ်းသာပီတိဖြစ်ရပါတယ်၊ သာဓုပါ ဦးပဇင်း” ဆိုပြီး မေလ(၁၄) ရက်နေ့က အောင်ရင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : အောင်ရင်

အောင်ရင်တို့ ဇနီးမောင်နှံဟာ လက်ရှိမှာ အင်္ဂလန်သို့ ပြန်ရောက်နေတာ ဖြစ်ပါတယ်။ သားဖြစ်သူကို သာသနာ့ဘောင်ထဲမှာ ထားခဲ့ပြီး အင်္ဂလန်သို့ ခဏပြန်သွားခဲ့တာပါ ။ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

Photo : အောင်ရင်

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ 

Share

Loading Next Article...
က္က