တကယ်ဆို အောက်တိုဘာလရောက်မှ ကြေငြာသွားမယ့် Google Pixel 3 XL ကတော့ အပြင်မှာ သုံးနေတဲ့ သူတွေတောင် ရှိနေပြီလို့ဆိုရမှာပါ။
Photo: CNET
တိုရန်တို မြေအောက်ရထားစီး ခရီးသည်တစ်ဦးဟာ notch ပါတဲ့ Google Pixel 3 XL ကို ကိုင်ပြီး စာပို့နေတဲ့ ပုံ MobileSyrup သတင်းဌာနမှာ တက်လာခဲ့ပါတယ်။ ဒီဓါတ်ပုံကို ရိုက်ကူးခဲ့သူဟာ ဖုန်းရဲ့ အရှေ့နဲ့ကျောဘက် ၂ နေရာစလုံးကို ရိုက်ကူးနိုင်ခဲ့တာကြောင့် အစောပိုင်းက သတင်းပေါက်ကြားထားတဲ့ Google Pixel 3 XL နဲ့တစ်ပုံစံတည်း တူနေတာ တွေ့ရပါတယ်။
Google Pixel 3 XL ဟာ notch display ကို ပထမဆုံး သုံးထားပြီး ထူးခြားတာက notch ထဲမှာ dual cameras စနစ်ကို မြင်ရတာပါပဲ။ တကယ်လို့အရှေ့မှာ dual cameras မသုံးရင် တစ်ခုကတော့ အဆင့်မြင့် မျက်နှာပြင်ဖတ်နည်းပညာအတွက် ဖြစ်မယ်လို့ယူဆရပါတယ်။ display အောက်ခြေဘောင်ကတော့ မြင်နေကျ notch display ဖုန်းတွေထက် နည်းနည်း ပိုထူနေပါတယ်။
ဒီဖုန်းကို စာပို့နေတဲ့ ပုံအရ Google Keyboard နဲ့UI ပါပြီး ကျောဘက်မှာ ဘားကုဒ်စတစ်ကာ တစ်ခုတွေ့နေရပါတယ်။ ဒီအချက်ကြောင့် ဒီဖုန်းဟာ ဝန်ထမ်းတွေပဲ ခဏပေးကိုင်တဲ့ prototype တစ်ခု ဖြစ်မလားဆိုတာ စဉ်းစားစရာပါ။ သေချာတာတော့ စာပို့တာတွေ လုပ်နိုင်လို့functional လုပ်နိုင်တဲ့ ဖုန်းဖြစ်နေတာပါပဲ။
ကျောဘက်ဖုန်းဒီဇိုင်းကတော့ မြင်နေကျ Google Pixel ဖုန်းတွေအတိုင်းပဲ ဖြစ်နေပါတယ်။ MobileSyrup ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း Pixel 3 XL ကို လူတစ်ယောက် သုံးနေတဲ့ ပုံကို twitter မှာ တင်ခဲ့ပါတယ်။ twitter က ပုံဟာ တိုရန်တို မြေအောက်ရထားပေါ်က Pixel 3 XLကိုင်တဲ့ သူ ဟုတ်မဟုတ်တော့ မသိရသေးပါဘူး။
Google ဟာ Pixel ဖုန်းတွေကို ၂၀၁၆ ခုနှစ်က စပြီး မိတ်ဆက်ခဲ့ပါတယ်။ မူလ Pixel ကနေ Pixel 2 အထိ အောက်တိုဘာလထဲမှာပဲ အစဉ်တစိုက် မိတ်ဆက်ခဲ့တာ ဖြစ်လို့Google Pixel 3နဲ့Pixel 3 XL ကိုလည်း အောက်တိုဘာလရောက်မှ တရားဝင်မြင်ရဖို့ရှိပါတယ်။