မန်စီးတီးအသင်းကလည်းစိတ်ဝင်စားနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်က အရှိန်မြှင့်ကြိုးစားလာတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝက်အနေနဲ့ လက်စတာစီးတီးနောက်ခံလူ မက်ဂွဲရားကို ပရီးမီးယားလိဂ်နောက်ခံလူတွေရဲ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀နဲ့ကမ်းလှမ်းဖို့အသင့်ရှိနေပြီလို့ The Sun ကဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကမ္ဘာ့အဆင့်ခံစစ်ကစားတွေကို ရှာဖွေနေပြီး လက်စတာအသင်းက အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွဲရားကို ပစ်မှတ်ထားကြိုးစားနေပါတယ်။ ကာယကံရှင်ကစားသမားက မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒမရှိဖူးလို့ငြင်းဆန်ထားပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းဖို့ကြိုးစားလာပါတယ်။ မက်ဂွဲရားကို မန်ချက်စတာမြို့ခံပြိုင်ဖက် မန်စီးတီးအသင်းကလည်းစိတ်ဝင်စားနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်က အရှိန်မြှင့်ကြိုးစားလာတာပါ။

မန်ချက်စတာယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝက်ဟာ အသက် ၂၆နှစ်အရွယ် အင်္ဂလန်နောက်ခံလူအတွက် ပရီးမီးယားလိဂ်နောက်ခံလူတွေအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀အထိပေးချေဖို့အသင့်ရှိနေပြီလို့ The Sun ကဖော်ပြပါတယ်။ မက်ဂွဲရားကို ငါးနှစ်စာချုပ်နဲ့ကမ်းလှမ်းမှာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃၅,၀၀၀၀ အထိပေးမယ်လို့လည်း The Sun ရဲ့ဖော်ပြချက်အရသိရပါတယ်။ ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူအဖြစ် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ရပ်တည်နေပါတယ်။ ဗန်ဒိုက်ဟာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်ကို နောက်ခံလူတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။

လက်စတာစီးတီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံပြီး ရောင်းချခဲ့မယ်ဆိုရင် မက်ဂွဲရားဟာ ပရီးမီးယားလိဂ်မှာ တန်ကြေးအမြင့်ဆုံးနောက်ခံလူဖြစ်လာမှာပါ။ မက်ဂွဲရားဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရှက်ဖီးယူနိုက်တက်အသင်းနဲ့စတင်ခဲ့ပြီး ဟူးလ်စီးတီး၊ ဝီဂန်အသင်းတွေမှာလည်းကစားခဲ့ဖူးပါတယ်။ ၂၀၁၇မှာ အင်္ဂလန်လက်ရွေးစင်စဖြစ်ခဲ့ပြီး နိုင်ငံတကာပွဲ ၂၀ကစားထားပါတယ်။ 

Share

Loading Next Article...
က္က