ဘတ်ရှူဝါယီကို ကန်ကျောက်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ခံစစ်မှူးဟယ်ရီမက်ဂွိုင်းယားအနေနဲ့ ဘတ်ရှူဝါယီကို ကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်ကြောင့် အနီကတ်ထိခဲ့သင့်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြလမ်းပတ်က ပြောဆိုလိုက်ပါတယ်။ အန်သိုနီမာရှယ် နဲ့ မက်ဂွိုင်းယားတို့ရဲ့ ခေါင်းတိုက်သွင်းဂိုးတွေကြောင့် ချယ်လ်ဆီးဟာ စတန်းဖို့ဘရစ်ချ်မှာ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဒီလိုအရေးနိမ့်ခဲ့မှုကြောင့်လည်း စပါးအသင်းနဲ့ တစ်မှတ်အကွာ၊ ရှက်ဖီးနဲ့ နှစ်မှတ်အကွာ၊ ယူနိုက်တက်နဲ့ သုံးမှတ်အကွာအနေအထားကို ရောက်ရှိသွားခဲ့ပြီး အဆင့်လေးနေရာအတွက် ချယ်လ်ဆီးက ဖိအားပေးခံနေရပြီဖြစ်ပါတယ်။ Standard သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ လမ်းပတ်က မက်ဂွိုင်းယားပြုလုပ်ခဲ့မှုကို ဆုံးဖြတ်ခဲ့မှုက မှားယွင်းနေတယ်လို့ ပြောဆိုခဲ့ကြောင်း ပါဝင်ခဲ့ပါတယ်။ 

မက်ဂွိုင်းယားဟာ ဘတ်ရှူဝါယီနဲ့ ဘောလုံးယှဉ်လုခဲ့ပြီးနောက် လဲကျသွားခဲ့စဉ်အတွင်းမှာ ခြေထောက်နဲ့ပြန်လည်ကန်ကျောက်ခဲ့တဲ့အနေအထားမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးကတော့ ဒီဖြစ်ရပ်ကို လျစ်လျူရှုခဲ့ပြီး တစ်စုံတစ်ရာအရေးယူမှုမပြုလုပ်ခဲ့ဘဲ ဒုတိယပိုင်းမှာ မက်ဂွိုင်းယားက အနိုင်ဂိုးတစ်ဂိုးပါ သွင်းယူခဲ့ပါတယ်။

"မက်ဂွိုင်းယားက ထုတ်ပယ်ခံခဲ့သင့်ပါတယ်၊ ဒါက ရှင်းရှင်းလင်းလင်းကြီးပါ၊ ပြီးတော့ ပွဲကိုပြောင်းလဲစေခဲ့ပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်၊ အားလုံးက သူ အထုတ်ခံရသင့်တယ်လို့ပဲ ပြောဆိုနေတာပါ၊ VAR ကို ဘာအတွက်ယူဆောင်လာတာလဲဆိုတာ ပြောဆိုဖို့က ခက်ခဲသွားပါပြီ၊ ဒီလိုဖြစ်ရပ်တွေအတွက် VAR အသုံးပြုဖို့စီစဉ်ခဲ့တာပါ"

"ဒုတိယတစ်ကြိမ်ကြည့်ရှုမှုမှာ မတူညီတဲ့ရှုထောင့်ကနေ ပြန်ကြည့်ခဲ့ရမှာဖြစ်ပါတယ်" လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ "လဲကျခဲ့စဉ်မှာ ဘတ်ရှူဝါယီက သူ့အပေါ်မှာ ရှိနေခဲ့တာပါ၊ ဒီအတွက် မက်ဂွိုင်းယားက သူ့ကိုယ်သူ ကာကွယ်ဖို့ပြုမူခဲ့တာဖြစ်ပါတယ်" လို့ သူ့ရဲ့ကစားသမားဘက်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က