အသင်းဖော်အတွက် စိုးရိမ်နေတာပါ။

အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆာဂျီယိုအဂူရိုက ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မက်ဆီ ဆုဖလားမရမှာကို ကိုယ့်အတွက်ကိုယ်ပိုပြီးတော့ စိတ်ပူမိတာထက် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ ကလပ်အသင်းကစားသမားဘဝမှာ အောင်မြင်မှုမျိုးစုံကို ရရှိခဲ့ပြီးဖြစ်ပေမယ့် နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ အဓိကဆုဖလားတစ်လုံးကို တစ်ကြိမ်မှ မဆွတ်ခူးဖူးသေးတာ ဖြစ်ပါတယ်။



ဘရာဇီးလ်မှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲဟာ အဂူရိုအတွက်လည်း အာဂျင်တီးနားကစားသမားဘဝမှာ နောက်ဆုံးသော ကိုပါပြိုင်ပွဲဖြစ်လာဖွယ် ရှိနေပါတယ်။ အဂူရိုကိုယ်တိုင်လည်း မန်စီးတီးမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပေမယ့် အာဂျင်တီးနားအတွက် ဂုဏ်ယူစရာ အောင်ပွဲမျိုးကို မစွမ်းဆောင်နိုင်သေးတာ ဖြစ်ပါတယ်။

"ကျွန်တော်ဆုဖလားမရမှာထက် မက်ဆီဆုဖလားမရမှာကို ပိုပြီး စိုးရိမ်မိပါတယ်၊ တစ်နေ့နေ့မှာ လက်ရွေးစင်အသင်းအတွက် ဆုဖလားရယူပေးနိုင်ဖို့ မျှော်လင့်မိပါတယ်၊ ဒါက အိပ်မက်တစ်ခုပါ၊ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ၊ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တွန်းအားပေးနေပြီးတော့ ကိုပါအမေရိကပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားပြီး ဆုဖလားကိုင်မြှောက်ချင်ပါတယ်"

"မက်ဆီလည်းပဲ နိုင်ငံအသင်းအတွက် ဆုဖလားမရတာ ကြာမြင့်နေပါပြီ၊ ဒီအတွက် သူလည်း အခက်တွေ့နေပါတယ်၊ ကျွန်တော်လည်း အခက်တွေ့နေပါတယ်၊ ကျွန်တော်တို့ ဆုဖလားကို သယ်ဆောင်ပြီး အိမ်ပြန်နိုင်ဖို့ လိုအပ်တယ်ဆိုတာကို သိပါတယ်၊ ဒီအတွက် ကျရှုံးမှုတွေနဲ့ မကြုံတွေ့ရဖို့ စိတ်ဓာတ်ပိုင်းကအစ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်" လို့ အဂူရိုက Fox Sports Argentina နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ နောက်ဆုံး (၅)ကြိမ်မှာ (၄)ကြိမ်အထိ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။ ဒီနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် အာဂျင်တီးနားဟာ အုပ်စု (ခ) မှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က