ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ပြောလိုက်တာပါ။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သူ့အနေနဲ့ တစ်နေ့နေ့မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ ဂိုးသွင်းစံချိန်တွေကို ရိုက်ချိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီနေ့ညမှာ ကစားရမယ့် ဘာစီလိုနာ နဲ့ စပါးတို့ရဲ့ ချန်ပီယံလိဂ်ပွဲ မတိုင်ခင်မှာ ဟယ်ရီကိန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။



Photo : Cartilage Free Captain

 

"သူက ကျွန်တော်တို့အတွက် စံပြုထိုက်တဲ့ တိုက်စစ်မှူးတစ်ဦးဆိုတာ သေချာပါတယ်၊ သူ့ရဲ့ အရည်အချင်းတွေကြောင့်လည်း ကျွန်တော်တို့ကို ပိုပြီးကြိုးစားချင်စိတ်ဖြစ်အောင် တွန်းအားဖြစ်စေခဲ့တာပါ၊ တစ်နေ့နေ့မှာ သူ့ရဲ့ ဂိုးသွင်းစံချိန်တွေကို လိုက်မီနိုင်ဖို့ မျှော်လင့်ပါတယ်၊ ပိုပြီးသွင်းယူနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်" လို့ ဟယ်ရီကိန်းက ပြောပါတယ်။

မက်ဆီ နဲ့ ပီကေးတို့ရဲ့ ဆက်ဆံရေး ဆိုးရွားနေပြီလို့ စပိန်သတင်းများ ဖော်ပြ 

Photo : Harry Kane Twitter

 

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရတဲ့ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၃)ရာသီအတွင်း အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ရွှေဖိနပ်ဆု (၂)ကြိမ် ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဟယ်ရီကိန်းက (၆)ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့ပါတယ်။

Photo : Big World News

ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ဟတ်ဒါဖီးနဲ့ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးလုံးကို ဟယ်ရီကိန်းက သွင်းယူပေးခဲ့ပြီး စပါးအတွက် စုစုပေါင်းသွင်းဂိုး (၁၄၅)ဂိုးအထိ ရယူနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းမှာ နံပါတ် (၅)နေရာ ရောက်ရှိခဲ့ပြီး တိုက်စစ်မှူးဟောင်း ဒီဖိုးကို ကျော်တက်နိုင်ခဲ့ပါတယ်။

Photo : Huddersfield Town

 

ဒါပေမယ့်လည်း ဟယ်ရီကိန်းဟာ မက်ဆီကို လိုက်မီဖို့အတွက် ဝေးကွာနေဆဲဖြစ်ပါတယ်။ မက်ဆီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၆၄၆)ပွဲ ကစားပေးထားပြီး သွင်းဂိုး (၅၆၀)အထိ ရရှိထားတာ ဖြစ်ပါတယ်။ "မက်ဆီ နဲ့ ရော်နယ်ဒိုတို့က အားလုံးရဲ့ အထက်မှာ သတ်မှတ်ခံရသူတွေပါ။ တစ်ရာသီကို သွင်းဂိုး (၄၀)၊ (၅၀)လောက် သွင်းယူနိုင်ကြပါတယ်" လို့ ဟယ်ရီကိန်းက ထပ်မံပြောဆို ချီးကျူးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က