အသေးစိတ်လေ့လာမှုတွေအပြီးမှာ တွက်ချက်ရရှိခဲ့တာပါ။

အသင်းပေါင်း (၂၃၀၀) ကျော်က ဘောလုံးသမားပေါင်း (၇၁၆၀၀)ဦးကို လေ့လာခဲ့ပြီး ဘောလုံးပွဲပေါင်း (၇၃၀၀၀)ကျော်ကို ကြည့်ရှုကာ ဘယ်သူက မက်ဆီနဲ့ အနီးစပ်ဆုံးတူညီမှုရှိမလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီရဲ့ အရည်အသွေးနဲ့ ဘယ်ကစားသမားက အနီးစပ်ဆုံးတူညီမှု ရှိသလဲဆိုတဲ့ လေ့လာဆန်းစစ်မှုတစ်ခုကို မက်ဒရစ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ driblab က ပြုလုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီက ဘောလုံးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းပြီးတော့ အသေးစိတ်လေ့လာသုံးသပ်မှုပြုလုပ်နေတာလည်း ဖြစ်ပါတယ်။



အသင်းပေါင်း (၂၃၀၀) ကျော်က ဘောလုံးသမားပေါင်း (၇၁၆၀၀)ဦးကို လေ့လာခဲ့ပြီး ဘောလုံးပွဲပေါင်း (၇၃၀၀၀)ကျော်ကို ကြည့်ရှုကာ ဘယ်သူက မက်ဆီနဲ့ အနီးစပ်ဆုံးတူညီမှုရှိမလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။ လေ့လာမှုတွေအပြီးမှာတော့ ချယ်လ်ဆီးကစားသမား အီဒင်ဟာဇက်က

(၉၂.၇)%အထိ အနီးစပ်ဆုံးတူညီမှုရှိခဲ့ပြီးတော့ ကိုင်လီယန်ဘတ်ပီ နဲ့ ဆာဂျီယိုအဂူရိုတို့က (၉၁.၃)% နဲ့ (၉၁.၁)%စီ တူညီမှုရှိကာ ထိပ်ဆုံးမှာ အစဉ်လိုက် ရပ်တည်နိုင်ခဲ့ကြပါတယ်။

မတူညီကွဲပြားခြားနားတဲ့ အချက် (၁၂)ချက်ကို အခြေခံပြီးတော့ လေ့လာသတ်မှတ်ခဲ့ကာ နှိုင်းယှဉ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီထဲမှာ ကစားပုံ၊ ဂိုးကန်သွင်းချက်အလိုက် ဂိုးသွင်းနိုင်မှု၊ တစ်ပွဲကို ဂိုးဘယ်လောက်ထိ သွင်းနိုင်မလဲဆိုတဲ့ မျှော်လင့်နိုင်မှု၊ ပြိုင်ဘက်ဂိုးဧရိယာထဲ ဘောလုံးထိချက်၊ တစ်ပွဲကို ဂိုးဘယ်လောက်ထိ ဖန်တီးပေးနိုင်မလဲ၊ အရေးပါတဲ့ ပေးပို့မှု၊ ဘောလုံးဆုံးရှုံးမှုအချိန်၊ ကန်သွင်းချက်တိကျမှုအစရှိတာတွေကို နှိုင်းယှဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါအချက် (၁၂)ချက်မှာ ဟာဇက်က မက်ဆီက အချက် (၃)ခုအထိ အသာစီးရရှိခဲ့တယ်လို့ သိရပါတယ်။ ဘောလုံးဆုံးရှုံးမှုနည်းပါးတာ၊ Pressing လုပ်နိုင်မှု နဲ့ ဘောလုံးဖြတ်ကျော်ဆွဲပြေးမှုအပိုင်းတွေမှာ ဟာဇက်က မက်ဆီထက် သာလွန်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကတော့ ကျန်တဲ့ အချက် (၉)ခုမှာ ဟာဇက်ထက် ပိုမိုသာလွန်နေခဲ့ပါတယ်။

လူငယ်ကစားသမားတွေထဲမှာ မက်ဆီနဲ့ အတူညီဆုံးကစားသမားအဖြစ် PSV တောင်ပံကစားသမား စတီဗင်ဘာဝိန်း၊ ယန်းနစ်ဟာဂီ၊ ဘာကာကစားသမားနှစ်ဦးဖြစ်တဲ့ ဒမ်ဘီလီ နဲ့ မယ်လ်ကွန်၊ အေဇက်အယ်လ်ခမာအသင်းက အူဆာဆာမာအိုင်ဒရစ်ဆီတို့က အနီးစပ်ဆုံးအဖြစ်

ရှိနေခဲ့ကြတယ်လို့လည်း Driblab က ဖော်ပြသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က