၂၀၁၈ ကမ္ဘာ့ဖလားပြီးကတည်းက နိုင်ငံအသင်းကနေ အနားယူထားကြသူတွေပါ။
၂၀၁၈ ကမ္ဘာ့ဖလားပြီးကတည်းက နှစ်ဦးသား နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးထားခြင်းမရှိပဲ ကြားထဲမှာ ၆ ပွဲလောက် လွဲချော်ခဲ့သူတွေပါ။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက နိုင်ငံအသင်း တာဝန်တွေကနေ ကိုယ်စီ အနားယူနေခဲ့ကြတဲ့ ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုနဲ့မက်ဆီတု့ိကို  ဒီကနေ့မှာ နိုင်ငံအသင်းတာဝန်ကို ပြန်လည်ထမ်းဆောင်မှာ မြင်တွေ့ရပါမယ်။



မက်ဆီရဲ့ အာဂျင်တီးနားက ဒီကနေ့ည(မြန်မာစံတော်ချိန် စနေနံနက် ၂း၃၀)မှာ ဗင်နီဇွဲလားအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး ရော်နယ်ဒိုရဲ့ ပေါ်တူဂီကတော့ ဒီကနေ့ည(မြန်မာစံတော်ချိန် စနေနံနက် ၂း၁၅)မှာ ယူကရိန်း အသင်းနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကစားမှာပါ။

နှစ်ဦးသား နိုင်ငံအသင်း တာဝန်တွေကနေ အနားယူထားရာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက ဒီနေ့ထိဆိုရင် နိုင်ငံတကာပွဲ ၆ ပွဲထိ လွဲချော်ထားတယ်လို့လည်း BBC SPROTရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီအခြေအနေမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ ရော်နယ်ဒိုမပါဝင်နိုင်ပေမယ့် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုုက ပေါ်တူဂီအတွက် ၁၅၄ ပွဲ ပါဝင်ကစားပေးထားကာ ၈၅ ဂိုးအထိ သွင်းယူပေးထား နိုင်သူ ဖြစ်ပြီး လာမယ့် မတ်လ ၂၅ ရက်နေ့မှာ ဆက်လက်ကစားရဦးမယ့် ဆားဘီးယာအးသင်းနဲ့ပွဲစဉ်ကိုလည်း ထပ်မံ ပါဝင်လာဖွယ်ရှိတယ်လို့ BBC SPORTက ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ် မက်ဆီကတော့ နိုင်ငံအတွက် ၁၂၈ ပွဲကစားပေးအပြီး ၆၅ ဂိုးသွင်းယူပေးထားကာ ဒီကနေ့ညမှာတော့ နိုင်ငံတကာ တာဝန်တွေကို ပြန်လည်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုက အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ ကစားနေပြီ ဖြစ်ပြီး မက်ဆီကတော့ ဘာစီလိုနာအသင်းနဲ့အတူဆက်လက်ပါဝင်ကစားလျက်ရှိနေပါတယ်။ နှစ်ဦးစလုံး လိဂ်ကိုယ်စီမှာ အဆင့် ၁ နေရာရယူထားနိုင်သလို ချန်ပီယံလိဂ်မှာလည်းကွာတားဖိုင်နယ်ကို အသီး သီး တက်လှမ်းထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က