ဇန်နဝါရီကတည်းက အူဘာမီယန်းကို စိတ်ဝင်စား‌နေခဲ့တာပါ။

မက်ဆီနေရာ အစားထိုးနိုင်မယ့် ကစားသမားမဟုတ်ဖူးလို့ မေဂျာလိဂ် ကစားသမားဟောင်းဖြစ်တဲ့ ESPNက သုံးသပ်သူ မာရီနိုက ဆိုလာတာပါ။

မက်ဆီအနားယူသွားရင် မက်ဆီနေရာကို အင်အားဖြည့်မယ့်ကစားသမားမျိုး မဟုတ်တဲ့အတွက် အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းကို ဘာစီလိုနာအသင်းအလောတကြီး ခေါ်တော့မှာ မဟုတ်ဘူးလို့ Daily Express သတင်း ဌာနက ဖော်ပြလာပါတယ်။

ဒီပြောစကားကိုတော့ မေဂျာလိဂ် ကစားသမားဟောင်း အလီဂျန်ဒို မိုရီနိုက ပြောလာတာဖြစ်ပြီး ဘာစီလိုနာက အူဘာမီယန်းကို ဇန်နဝါရီကတည်းက စိတ်ဝင်စားနေခဲ့တာပါ။

လာမယ့် နွေရာသီစျေးကွက်မှာ ခေါ်ယူတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့သလို အာဆင်နယ်အသင်းကလည်း အူဘာမီယန်းကို ပေါင် သန်း ၅၀ သတ်မှတ်ပေးခဲ့ပါတယ်။

“အူဘာမီယန်းက အရည်အသွေးမြင့် တိုက်စစ်မှူးဆိုတာ ငြင်းစရာမရှိပါဘူး၊ပရီးမီးယားလိဂ်ကို ရောက်ကတည်းက တွက်ဆကြည့်လိုက်ရင် သူ့ထက် ဂိုးပိုသွင်းထားနိုင်တာ ဆာလာတစ်ယောက်ပဲ ရှိတာပါ။ဒါပေမယ့် သူ့အသက်အ ရွယ်က ဘာစီလိုနာ ခေါ်ယူစာချုပ်သင့်တဲ့အရွယ်တော့ မဟုတ်တော့ပါဘူး။”လို့ မိုရီနိုက ထောက်ပြလာတာပါ။

အူဘာမီယန်းက လာမယ့် ဇွနလမှာ ၃၁ နှစ်ပြည့်မှာ ဖြစ်တာကြောင့် ESPNရဲ့ အားကစားသုံးသပ်သူကအခုလို သုံးသပ်ပြခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ မက်ဆီနဲ့ဆွာရက်ဇ်တို့က ၃၀ကျော်ကစားသမားတွေဖြစ်ပြီး သူတို့နဲ့အတူ ဂရုဇ်မန်းက တွဲကစားနေတာပါ။

ဇန်နဝါရီတုန်းက ဆွာရက်ဇ်နာသွားလို့ အူဘာမီယန်းကို အမြန်အစားထိုးခေါ်ဖို့ လုပ်ခဲ့ပေမယ့် လက်ရှိမှာ ဆွာရက်ဇ် ကလည်း ပြန်ကောင်းလာပြီ ဖြစ်သလို ပွဲတွေကလည်း နားထားလို့ အူဘာမီယန်းကို ဘာစီလိုနာအသင်း ဘယ်လို အကြောင်းနဲ့မှ အလျင်စလို ခေါ်ဖို့ မရှိနိုင်တော့ပါ။


Share

Loading Next Article...
က္က