မက်ဆီရဲ့ အသင်းတွင်းအခြေအနေကို စောင့်ကြည့်နေတာပါ။

မက်ဆီအနေနဲ့ ဘာစီလိုနာမှာ နေရတာကို စိတ်ပျက်စပြုလာပြီလို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြချိန်မှာ မန်စီးတီးကခေါ်ယူဖို့ အားထုတ်မှုကို စတင်ခဲ့တာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာစီးတီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီရဲ့ အသင်းတွင်းအခြေအနေတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ အဘီဒယ်လ်ကို ပြန်လည်တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့အပြီး မက်ဆီအနေနဲ့ ဘာစီလိုနာမှာ နေရတာကို စိတ်ပျက်စပြုလာပြီလို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြချိန်မှာ မန်စီးတီးကခေါ်ယူဖို့ အားထုတ်မှုကို စတင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဘီဒယ်လ်ရဲ့ ကစားသမားတွေအပေါ် ဝေဖန်ခဲ့မှုကို မက်ဆီက အင်စတာဂရမ်ကနေ ပြတ်ပြတ်သားသားပြန်လည်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ အသင်းရဲ့အပြောင်းအရွှေ့ဆောင်ရွက်မှုအားနည်းခဲ့တဲ့အပေါ်မှာလည်း မက်ဆီက စိတ်တိုင်းမကျဖြစ်နေခဲ့ပြီး အဂူရိုကို ခေါ်ယူဖို့ တိုက်တွန်းခဲ့မှုကို လျစ်လျူရှုခဲ့တာကိုလည်း စိတ်ပျက်နေတယ်လို့ စပိန်မီဒီယာတွေက ရေးသားခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းမှာ ၁၁ နှစ်ကြာကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းဖရန်ဆက်စကိုကာရက်စ်ကိုကလည်း မက်ဆီဟာ အသင်းကထွက်ခွာဖို့ ခြေတစ်လှမ်းလှမ်းပြီးပြီလို့ သုံးသပ်ခဲ့ပါတယ်။ "ဒီနှစ်တွေမှာ သူကစားတာကို ကျွန်တော်စောင့်ကြည့်ခဲ့ပြီး သူကစားပုံကို နှစ်ခြိုက်မိခဲ့ပါတယ်၊ အခုကတော့ ပထမဆုံးအကြိမ်အဖြစ် သူ အသင်းကထွက်ခွာဖို့ ဟန်ပြင်တာကို ကျွန်တော်မြင်နေရတာပါ၊ ဒီလိုမျိုး ကျွန်တော်ဘယ်တုန်းကမှမပြောခဲ့ဖူးပါဘူး" လို့ AS နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးနည်းပြဂွာဒီယိုလာကတော့ မက်ဆီကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး အတူတကွအောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြပါတယ်။ လက်ရှိမှာ မက်ဆီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးက ပေါ်ပေါက်စပြုလာခဲ့တာဖြစ်ပြီး မန်စီးတီးဘက်က မဆိုင်းမတွဘဲလှုပ်ရှားခဲ့တာလည်းဖြစ်ပါတယ် မက်ဆီအနေနဲ့ ဘောလုံးရာသီတစ်ရာသီကုန်ဆုံးချိန်တိုင်းမှာ အသင်းကထွက်ခွာချင်ပါက ထွက်ခွာနိုင်ခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ 

Share

က္က