စတာလင်းအနေနဲ့ ပရီးမီးယားလိဂ် ၅ပွဲကစားထားပြီးရာတွင် သွင်းဂိုး ၅ဂိုးအထိရရှိထားတာလည် းဖြစ်ပါ တယ်။
ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဇာဗီအနေနဲ့ လက်ရှိဘောလုံးလောကရဲ့ အကြွင်းမဲ့အ ကောင်းဆုံးကစားသမားတွေက မက်ဆီ၊ စီရော်နယ်ဒိုတို့ဖြစ်သလို သူတို့ရဲ့ခြေရာကိုသေချာပေါက်လို က်မီနိုင်မယ့် ကစားသမားက မန်စီးတီးတောင်ပံကစားသမားစတာလင်းဖြစ်တယ်လို့ ထုတ်ဖော်ပြော ဆို မှုကို As.com က ဖော်ပြလာပါတယ်။
စတာလင်းအနေနဲ့ အခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ်များတွင် မန်စီးတီးအသင်းဖော် အဂူရိုနဲ့အတူ အသင်း အတွက် ဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့သူဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ရှက်တာ ဒိုးနက်ခ်နဲ့ပွဲစဉ်မှာလည်း အကောင်းဆုံးခြေစွမ်းပြနိုင်မှုများကြောင့် အခုလိုမှတ်ချက်ပြုခံခဲ့ရတာပါ။
“ကစားသမားတစ်လျှောက်ဖြတ်သန်းခဲ့သမျှ အကောင်းဆုံးက မက်ဆီပါပဲ။ အမြင့်ဆုံးအနေအထားမှာ မက်ဆီနဲ့စီရော်နယ်ဒိုက အကောင်းဆုံးတွေလို့ပြောလို့ရပါတယ်။ သူတို့ရဲ့နေရာကိုဆက်ခံဖို့ ကလည်း ဆာလက်ဒ်၊ ဘတ်ပီ၊ နေမာတို့ရှိနေတယ်။ ဒါပေမဲ့ စတာလင်းက မက်ဆီရဲ့ခြေရာကို လိုက်မီနိုင်မယ့် ကစားသမားတစ်ဦးလို့ပြောတာ ပိုမှန်ပါလိမ့်မယ် ” လို့ ဇာဗီက သူရဲ့အမြင်ကို ဖွင့်ဟခဲ့ပါတယ်။
စတာလင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကစပြီး မန်စီးတီးအသင်းတွင် ပိုမိုခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် နည်းပြဂွါ ဒီ ယိုလာရဲ့ ချီးကျူးခြင်းကိုပင်ခံထားရသူဖြစ်ကာ ပရီးမီးယားလိဂ်ရဲ့ အတိုးတက်ဆုံးကစားသမားတစ် ဦး ဖြစ်တယ်လို့ မှတ်ချက်ပြုခြင်းကို ခံထားရသူပါ။
ဆက်စပ်သတင်းတွေအရ အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ မက်ဆီနဲ့ အသက် ၃၄နှစ်အရွယ်ရှိ စီရော်နယ်ဒို တို့ရဲ့ အားပြိုင်မှုများက လာမယ့် ၂နှစ်အတွင်း အဆုံးသတ်ဖို့ရှိလာနိုင်ပြီး ကမ္ဘာ့အကောင်းဆုံးကစား သမားနေရာကို လူငယ်ကစားသမားအချို့လွှဲပြောင်းရယူမယ့် အချိန်နီးလာခဲ့ပြီလို့လည်း ဇာဗီကသုံ း သပ်ခဲ့ပါသေးတယ်။