တွစ်တာပေါ်မှာ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဘက်ကလည်း မက်ဆီအနေနဲ့ အသင်းကထွက်ခွာချင်တယ်ဆိုပါက ဘယ်ဘောလုံးရာသီမဆိုအဆုံးသတ်ချိန်တိုင်းမှာ အသင်းကနေ အလွတ်ထွက်ခွာနိုင်တယ်ဆိုတဲ့ ခွင့်ပြုချက်ကို ပေးထားခဲ့ပါတယ်။


ဘီလ်ဘာအိုကို အရေးနိမ့်ပြီး စပိန်ဘုရင့်လားပြိုင်ပွဲကနေ ဘာစီလိုနာအသင်းထွက်ခွာခဲ့ရပြီးချိန်မှာ မန်စီးတီးပရိသတ်တွေက မက်ဆီကို သူတို့အသင်းဆီလာရောက်ကစားဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ တွစ်တာပေါ်မှာ မက်ဆီရဲ့ မန်စီးတီးဂျာစီနဲ့ ဓာတ်ပုံကို ပြုပြင်ခဲ့ပြီး အီတီဟတ်ကို လာရောက်ကစားဖို့အတွက် တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ 

မက်ဆီကတော့ အသင်းအားကစားဒါရိုက်တာအဘီဒယ်လ်ကို ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်သွားခဲ့ပြီးချိန်မှာ အသင်းကထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာကစားသမားဟောင်းတွေကလည်း မက်ဆီက အသင်းကထွက်ခွာဖို့ပြင်ဆင်နေတာကို ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းဘက်ကလည်း မက်ဆီအနေနဲ့ အသင်းကထွက်ခွာချင်တယ်ဆိုပါက ဘယ်ဘောလုံးရာသီမဆိုအဆုံးသတ်ချိန်တိုင်းမှာ အသင်းကနေ အလွတ်ထွက်ခွာနိုင်တယ်ဆိုတဲ့ ခွင့်ပြုချက်ကို ပေးထားခဲ့ပါတယ်။ မက်ဆီအနေနဲ့ သူ့ရဲ့ကစားသမားဘဝကို ဘာစီလိုနာတစ်သင်းတည်းမှာပဲ ကစားနေသူဖြစ်ပြီး လာမယ့်ရာသီမှာ အသင်းသစ်ကို ရောက်ရှိနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

မန်စီးတီးပရိသတ်တွေက Welcom Messi ဆိုတဲ့ ရေးသားပြောဆိုမှုတွေကို အတူတကွလုပ်ဆောင်နေကြပြီး အီတီဟတ်ကို လာရောက်ဖို့အတွက် ပြုမူနေကြပါတယ်။ မက်ဆီအနေနဲ့ မန်စီးတီးမှာဆိုရင် ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်းဂွာဒီယိုလာနဲ့ ပြန်လည်ဆုံတွေ့ရမှာဖြစ်ပြီး အာဂျင်တီးနားအသင်းဖော်အဂူရို၊ အော်တာမန်ဒီတို့နဲ့လည်း အသင်းဖော်တွေအဖြစ် ကစားရမှာဖြစ်ပါတယ်။ 

Share

က္က