မွေးနေ့တူသလို ဘယ်လိုအကျင့်လေးတွေလဲ တူလဲဆိုတာ ပြောပြခဲ့ပါသေးတယ်။

စိုးမြတ်သူဇာနဲ့ နီနီခင်ဇော်တို့ကတော့ August Born တွေ ဖြစ်သလို မွေးရက်လည်း အတူတူပါပဲ။ နီနီခင်ဇော် အနေနဲ့ မကြီးစိုးကို အားကျရတာတွေအများကြီး ရှိတယ်လို့ ဆိုပါတယ်။

Photo : Amazing Grace

အဆိုတော် နီနီခင်ဇော်ကတော့ စိုးမြတ်သူဇာနဲ့ မွေးနေ့ချင်း တူလို့ ပျော်လို့နေပါတယ်။ သူမအားကျရတဲ့ အနုပညာရှင်တစ်ဦးနဲ့အတူ မွေးနေ့ချင်း တူတဲ့အတွက် သူမရဲ့ ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“မကြီးစိုးကို အရမ်းအားကျတယ်။ တစ်ရက်တည်း မွေးလို့လည် ပျော်တယ်။မွေးနေ့ချင်းတူတာလည်း တူသလို မကြီးနဲ့ နီနီက စိတ်ပြတ်တာ လည်း တူတယ်။ ပြီးတော့ ထွားတာလည်း တူတယ်” ဆိုပြီး နီနီခင်ဇော်က ပြောပြခဲ့ပါတယ်။

Photo : Amazing Grace

နီနီခင်ဇော်ဟာ အသက်(၂၈)နှစ်အရွယ်နဲ့ ဂီတလောကမှာ အောင်မြင်မှု ရရှိနေသူတစ်ဦးဖြစ်ပြီး စီးပွားရေးဘက်ကိုပါ ကြိုးစားနေသူ တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်မှာ အသက်(၂၈)နှစ် ပြည့်သွားတဲ့ သူမကတော့ အခုချိန်ထိ အသက်ရှင်ခွင့်ရနေတာကိုပဲ ကျေနပ် ပျော်ရွှင်နေသူ တစ်ဦးဖြစ်ပါတယ်။

“အသက်(၂၈)နှစ် ပြည့်တဲ့အထိ ပျော်ပျော်ရွှင်ရွှင်နဲ့ အနုပညာအလုပ်တွေ လုပ်နေရတာ ဝမ်းသာစရာပါပဲ။ ဒီနေ့ အသက်ရှင်နေခွင့်ရတဲ့အတွက်ကိုပဲ ပျော်ရွှင်လှပါတယ်။ ပျော်ပျော်နေတတ်လာပြီ။ အသက်ကြီးလာတာနဲ့ အမျှ အချိန်တွေ မရှိတော့ဘူး။ ဒီနေ့ကို စိတ်ညစ်စရာ တွေဘယ်လောက်ရှိရှိ ပျော်ပျော်ရွှင်ရွှင် ဘယ်လိုဖြတ်သန်းရမလဲဆိုတာ တွေးတယ်။ ပျော်ပျော်ကြီးပဲ ဖြေရှင်းဖို့အတွက် စဉ်းစားတတ်လာတယ်” ဆိုပြီး သြဂုတ်လ(၃၁) ရက်နေ့က ပြုလုပ်တဲ့ Free Plus ပွဲမှာ ပြောပြခဲ့တာပါ။

နီနီခင်ဇော်ဟာ အလုပ်ကို အရမ်းကြိုးစားသလို သူမဝါသနာပါတဲ့ ဂီတဘက်မှာလည်း ပရိသတ်တွေအပေါ် တာဝန်ကျေတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစာနေသူလည်း ဖြစ်ပါတယ်။ သူမအခုလို ကြိုးစားနေတာတွေက အောင်မြင်မှုကြောင့် မဟုတ်ဘဲ သူမရဲ့ ပျော်ရွှင်မှုကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာခင်မှာလည်း သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်ထားပါသေးတယ်။ Red Revolution ဖျော်ဖြေပွဲကို တတိယအကြိမ်မြောက် ပြုလုပ်မှာ ဖြစ်ပြီး ပွဲကို အောက်တိုဘာလမှာ ကျင်းပသွားမှာပါ။

နီနီခင်ဇော်ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက ‘’ဂယ်ပဲ ဂယ်ပဲ’’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’Super Red’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’U’’ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး ထပ်မံထွက်ရှိခဲ့ပါတယ်။

 

Photo : Amazing Grace

အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီသီချင်းတွေဟာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။

Share

Loading Next Article...
က္က